Uncategorized

ယူနိုက်တတ်အသင်းယခု ဇန်နဝါရီအပြောင်းအရွှေ့မှာခေါ်ယူရန် စီစဉ်ထားသော ကစားသမား ၃ ဦး

UNICODE

ယူနိုက်တတ်အသင်းယခု ဇန်နဝါရီအပြောင်းအရွှေ့မှာခေါ်ယူရန် စီစဉ်ထားသော ကစားသမား ၃ ဦး

မန်ချက်စတာ ယူနိုက်တတ် အသင်း၏ နည်းပြဖြစ်သူ အိုလီဂန်နာ ဆိုလ်းရှား ဟာ အသင်းရဲ့ လူစာရင်းကို ဒီထက်တောင့်တင်းလာစေ ရန် ဆန္ဒရှိနေပြီး ပရီးမီးယားလိဂ်၊ချန်ပီယံလိဂ် စသည့် စစ်မျက်နှာ အစုံတွင် အပြည့် အ၀ တိုက်ပွဲ၀င်ရန် လာမည့် ဇန်နဝါရီ အပြောင်း အရွှေ့ ဈေးကွက်၌ ကစားသမား ၃ ဦးကို ပစ်မှတ်ကစားသမား များ အဖြစ် သတ်မှတ်ထားကြောင်း သိရသည်။

အပြောင်းအရွှေ့စာရင်းတွင် နံပါတ် (၁) နေရာ၌ ဗလာရီးရဲ အသင်း၏ အသက် ၂၃ နှစ်အရွယ် လူငယ်နောက်ခံလူ ပေါလ်တောရက်စ် အား ခေါ်ယူရန် စီစဉ်ထားကြောင်းသိရသည်။
ယူနိုက်တတ်အသင်းဟာ ပြီးခဲ့သည် နွေက အူပါနိုကာမီနို၊ကူလီဗာလီ စသည့် ခံစစ် ကစားသမား များအားချိတ်တက်ခဲ့သော်လည်း အဆင်မပြေမှုကြောင့် ယခုအခါ မက်ဂွာား၏ အတွဲအဖက် အဖြစ် ပေါလ်တောရက် အားခေါ်ယူရန်စီစဉ်လာခြင်းဖြစ်ကြောင်းသိရသည်။ထို့ပြင် ဗီလာရီးရဲ အသင်းဟာ အဲရစ်ဘိုင်လီကိုခေါ်ယူစဉ်က ယူနိုက်တတ်အသင်းနှင့် ကောင်းမွန်သော ဆက်ဆံရေး ရှိခဒ့ဖူးပြီး ယခုအခါ ပေါလ်တောရက်အား ယခုဇန်နဝါရီတွင် အရခေါ်ယူမည်ဆိုပါက ယူရို သန်း ၃၀ ၀န်းကျင်သာ ကျသင့်ဖွယ်ရှိကြောင်း သိရပါသည်။

နံပါတ် (၂) နေရာ၌ လည်း အသင်း၏ နောက်ခံကစားသမားဟောင်းဖြစ်သူ ဂျွန်နီအီဗန်အား ထည့်သွင်းထားကြောင်း သိရသည်။၎င်းဟာ လက်ရှိအချိန်တွင် လက်စတာ အသင်း၌ ကစားလျက်ရှိပြီး လာမည့် နွေတွင်စာချုပ်ကုန်ဆုံးမည်ဖြစ်သည့် ၎င်းအားယခုဇန်နဝါရီတွင် ခေါ်ယူမည် ဆိုပါက ပေါင် ၁၅ သန်း၀န်းကျင်သာ ကျသင့်မည် ဖြစ်ကြောင်း သိရပါသည်။

နံပါတ် (၃) နေရာတွင် ယူနိုက်တတ် အသင်းဟာ လက်စတာအသင်း၏ ညာနောက်ခံလူဖြစ်သူ ရီကာဒို ပီရဲရား အားခေါ်ယူရန် စီစဉ်ထားကြောင်း သိရပါသည်။နောက်ခံလူ ၀မ်ဘစ်စာကာ၏ တိုက်စစ် လိုက်ပါမှု အားနည်းမှုကြောင့် ၎င်း အားလာမယ့်ဇန်န၀ါရီတွင် ခေါ်ယူရန် စိစဉ်နေခြင်းဖြစ်ကြောင်း သတင်းရရှိပါတယ်။

ကဲပရိတ်သတ်ကြီးရော ဘယ်သူ့ကို ခေါ်စေခြင်တယ်ဆိုတာ ကွန်းမန့်မှာဆွေးနွေးသွားလို့ ရပါတယ်ခင်ဗျ။

;

;

;

;

;

#MUFF

ZAWGYI







#MUFF

;

;

;

;

;

;

Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ

X