Sport

ယူနိုက်တတ်ကိုနောက်ဆုံးအကြိမ်သတိပေးလိုက်တဲ့ ပိုချက်တီနို

UNICODE

ယူနိုက်တတ်ကိုနောက်ဆုံးအကြိမ်သတိပေးလိုက်တဲ့ ပိုချက်တီနို

စပါအသင်းရဲ့ မန်နေဂျာဟောင်းတစ်ဦးဖြစ်သူ ပိုချက်တီနိုဟာ နည်းပြလောကသို့ တစ်ဖန်ပြန်၀င်ရန် စဉ်းစားနေပြီ ဖြစ်ကြောင်း သိရပါသည်။

၎င်းသည် မန်ချက်စတာယူနိုက်တတ်အသင်း၏ နည်းပြ ရာထူးအား အမှန်တကယ် စိတ်၀င်စားနေတာ ဖြစ်ပြီး
ယူနိုက်တတ်အသင်းဘက်မှ မပြတ်သားသော ဆုံးဖြတ်ချက်တစ်ချို့ကြောင့် ၎င်းမှာ စိတ်မရှည်ဖြစ်နေကြောင်း သိရပါသည်။

ယူနိုက်တတ်အသင်း၏ လက်ရှိနည်းပြ အိုလီဂန်နားဆိုလ်းရှား မှာ ရလဒ်မတည်ငြိမ်မှုကြောင့် ပရိတ်သတ်အများ၏ ငြိုငြင်မှုကို ခံနေရသူ တစ်ဦးဖြစ်ပြီး ပိုချက်တီနိုအား ပရိတ်သတ်များ က နည်းပြ အဖြစ် ခန့်အပ်ရန် လိုလားနေကြကြောင်းသိရသည်။

ထို့ပြင် ပိုချက်တီနိုကလည်း ယူနိုက်တတ်နည်းပြရာထူးအား စိတ်ဝင်စားနေသော်လည်း ယူနိုက်တတ်၏ မပြတ်သားသော အခြေအနေကြောင့် ယခု ရာသီကုန် အထိသာ ယူနိုက်တတ်နည်းပြ ရာထူး အား ဆက်လက်စောင့်ကြည့်ဖွယ်ရှိနေကြောင်းသိရသည်။ အကယ်၍ ယူနိုက်တတ်အသင်းက နည်းပြ အပြောင်းအလဲ လုပ်ရန် ဆန္ဒမရှိပါက တခြား အသင်းကြီး တစ်သင်းဖြင့် နည်းပြ လောကထဲသို့ပြန်လည် ၀င်ရောက်ရန် စီစဉ်ထားကြောင်းသိရပါသည်။

အဓိကအားဖြင့် အာဆင်နယ်၊ရီးရဲမက်ဒရစ်နှင့် PSG အသင်းတို့ က စောင့်ကြည့် လျက်ရှိနေပြီး PSG အသင်းက ၎င်းအား အဓိကထားပြီး စောင့်ကြည့်နေကြောင်း သိရပါသည်။ရီးဪဲမက်ဒရစ်အသင်းကလည်း အခြေနေမမှန်သည့် ဇီဒန်း၏ နေရာတွင် ပိုချက်တီနိုအား အစားထိုးရန် စောင့်ကြည့်နေကြောင်းသိရသည်။

အကယ်၍ ယခုရာသီတွင် PSG အသင်းအနေဖြင့် ယခင်နှစ်က လို ချန်ပီယံလိဂ်တွင် အောင်မြင်မှု အဆင့်အတန်းတစ်ခု သို့ မရောက်ရှိပါက နည်းပြ ဖြစ်သူ တူချယ်အား ချက်ချင်းထုတ်ပယ်သွားပြီး ပိုချက်တီနို ဖြင့် အစားထိုးရန် စီစဉ်ထားကြောင်း သိရပါသည်။

သို့ဖြစ်ပါ၍ ပိုချက်တီနိုက ယူနိုက်တတ်ကို ဒီရာသီ ကုန်အထိသာ စောင့်ကြည့် မည့်ဖြစ်ကြောင်း နီးစပ်ရာ အသိုင်းအဝိုင်းများသို့ လေသံပေးထားပြီး ဖြစ်ကြောင်း
ရာသီကုန်၍ ယူနိုက်တတ်ဘက်မှ ဆက်သွယ်လာမှု မရှိပါက တစ်ခြား အသင်းတစ်သင်းနှင့် အတူ နည်းပြလောက သို့ ပြန်လည် ၀င်ရောက် လာတော့မည် ဖြစ်ကြောင်း သတင်းရရှိပါသည်။
#MUFF

ZAWGYI









#MUFF

Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ

X