Sport

ပေါလ်ပေါ့ဘာနေရာ အစားထိုးမယ့်ကစားသမားကိုယူနိုက်တတ်အတွက် ဈေးသတ်မှတ်ပေးလိုက်တဲ့ သတင်း

UNICODE

ဗီလာအသင်းရဲ့ အသင်းခေါင်းဆောင်တစ်ဦးဖြစ်သူ ဂျက်ဂရီလ်းလရှ်စ်ဟာ ယူနိုက်တတ်အသင်း၏ ကာလအတော်ကြာ ပြစ်မှတ်ထား ချိတ်ဆက်ခံထားရသော ကစားသမားတစ်ဦးလည်းဖြစ်သည်။ယူနိုက်တတ်အသင်းဟာ ယခုရာသီတွင် ပေါလ်ပေါ့ဘာ၏ ခြေစွမ်းနှင့် လုပ်ရပ် များအပေါ် စိတ်ပျက်လျက်ရှိပြီး ရာသီကုန်တွင် ၎င်းအားရောင်းထုတ်ကာ တစ်ခြား ကစားသမားတစ်ယောက်နှင့် အစားထိုး သွားရန် စီစဉ်နေကြောင်းသိရပါသည်။ပေါလ်ပေါ့ဘာမှာလည်း စာချုပ်သက်တမ်းမှာ ၂ နှစ်နီးပါးသာကျန်ရှိတော့သည် ဖြစ်ပြီး လာမည့် နွေမှာ ‌၎င်းအားရောင်းထုတ်ရန် အကောင်းဆုံးအချိန်ဟု ယူနိုက်တတ်မှ သတ်မှတ်ထားခြင်းဖြစ်သည်။

ထို့ ပြင် အဆိုပါ ဗီလာ ကစားသမားမှာ ပေါ့ဘာ၏ နေရာ မှာ အစားထိုးရန် အကောင်းဆုံး ကစားသမားဟု ယူနိုက်တတ်ဘက်က သတ်မှတ်ထားပြီး ဖြစ်ကြောင်းသိရသည်။ဗီလာအသင်းဟာ ၎င်းတို့၏ အသက် ၂၅ နှစ်အရွယ် ကစားသမားအတွက် ပေါင်သန်း ၁၀၀ ထိသတ်မှတ်ထားကြောင်း ယူနိုက်တတ်အသင်းကို သတိပေးခဲ့ကြောင်း သိရပါသည်။ အဆိုပါကစားသမားအား ပေါင်သန်း ၁၀၀ ဖြင့်ခေါ်ယူမည် ဆိုပါက ၎င်းဟာ ဗြီတိန် သမိုင်း‌တစ်လျောက် ပြောင်းရွှေ့ကြေး အမြင့်ဆုံး ကစားသမား ဖြစ်လာမည်ဖြစ်ပြိး ယခုပြောင်းရွှေ့
ကြေး အမြင့်ဆုံး ကစားသမား မှာ စပါးအသင်းမှ ရီးရဲအသင်း သို ဂါးရက်ဘေလ်း ပြောင်းရွှေ့စဉ်က တင်ထားခဲ့ သည် ပေါင် သန်း ၈၀ ဖြစ်ကြောင်း သိရပါသည်။

ဂရီးလ်းရှစ် ၏ စာချုပ်သက်တမ်းမှာ ၂၀၂၅ အထိကျန်ရှိနေသေးပြီး ဗီလာ အသင်းက ဂရီးလ်းရှစ် အား ရောင်းထုတ်ရန် ဆန္ဒမရှိဘဲ ရောင်းထုတ်ရမည် ဆိုပါက လည်း ၎င်းတို့ ခေါ်ဈေး အတိုင်း ပေါင် သန်း ၁၀၀ ရရှိမှသာ ရောင်းထုတ်သွားမည် ဖြစ်ကြောင်း သိရပါသည်။

#MUFF

ZAWGYI





#MUFF

Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ

X