Sport

ဦးနှောက်မရှိတဲ့ ဖရက်ဒ်လို့ဆိုလာတဲ့ မိုက်ကယ်အိုဝင်

UNICODE

ဦးနှောက်မရှိတဲ့ ဖရက်ဒ်လို့ဆိုလာတဲ့ မိုက်ကယ်အိုဝင်

“ဖရက်ဒ်က တကယ့်ကို အမှားတွေအများကြီး ကျူးလွန်ခဲ့ပါတယ်။ ပရဲဒက်စ်ကို ပြစ်ဒဏ်ကျူးလွန်ခဲ့တာက အနီကဒ်ရရှိခဲ့သင့်ပါတယ်။ သူက အရွယ်ရောက်ပြီးသူတစ်ယောက်ပါ။ အသင်းကို ဒုက္ခပေးနိုင်တဲ့ စိတ်လိုက်မာန်ပါအပြုအမူမျိုးကို မပြုလုပ်သင့်ပါဘူး။ဦ‌ေနှာက်မရှိမှသာကျူးလွန်မယ့် အရာမျိုးပါ။ တကယ်လို့ ကျွန်တော်သာ နည်းပြတစ်ယောက်ဖြစ်ပြီး ကျွန်တော့်ရဲ့ကစားသမားတစ်ယောက်က အဲ့လိုပြုမူခဲ့မယ်ဆိုရင် သူ့ကို ကျွန်တော့်ရဲ့အသင်းမှာ နောက်ထပ်ကစားခွင့်ပြုတော့မှာမဟုတ်ပါဘူး။ ဒါက တကယ်ကို မိုက်ရူးရဲဆန်တဲ့ ကိစ္စပါ။”လို့ အိုဝင်က BT Sportကို ပြောကြားခဲ့ပါတယ်။

“ခြုံငုံကြည့်မယ်ဆိုရင် ဖရက်ဒ်ကို အပြစ်တင်သင့်ပါတယ်။ ဒါပေမယ့် ဆိုးရှားကလည်း နည်းပြတစ်ယောက်အနေနဲ့ သူ့ကို ကာကွယ်ပေးရမှာ ဖြစ်တာကြောင့် နှစ်ယောက်လုံးကို အပြစ်တင်ရမှာဖြစ်ပါတယ်။ “လို့ အိုဝင်က ပြောခဲ့ပါတယ်။

အို့ထရန့်ဖို့မှာ ပွဲစဉ်စတင်ပြီးမကြာမီမာ နေမာက PSGအသင်းအတွက် ဦးဆောင်ဂိုးသွင်းယူသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ပွဲချိန်(၃၂)မိနစ်အရောက်မှာတော့ မားကပ်ရက်စ်ဖို့က ယူနိုက်တက်အတွက် ချေပဂိုးကို သွင်းယူပေးခဲ့နိုင်ပါတယ်။ ဒုတိယပိုင်းအတွင်းမှာတော့ PSGအသင်းခေါင်းဆောင် မာကွင်ညိုက အနီးကပ်ပိတ်သွင်းယူသွားခဲ့ပြီး PSGအသင်းကို ဆက်လက်ဦးဆောင်စေခဲ့ပါတယ်။ ဦးဆောင်ဂိုးပေးလိုက်ရပြီး သိပ်မကြာခင်မှာဘဲ ဖရက်ဒ်က ထုတ်ပယ်ခံရကာ ယူနိုက်တက်တို့က (၁၀)ယောက်တည်းနဲ့ ဆက်လက် ယှဉ်ပြိုင်ကစားခဲ့ရတာ ဖြစ်ပါတယ်။

နေမာရဲ့ ဒုတိယသွင်းဂိုးကိုတော့ အချိန်ပိုအတွင်းမှာမှ သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။ အဆိုပါရလဒ်ကြောင့် ယူနိုက်တက်အနေနဲ့ ချန်ပီယံလိဂ်မှာ နောက်တစ်ဆင့်တက်ရောက်နိုင်ဖို့ လိုက်ဇစ်ပ်အသင်းနှင့်ပွဲစဉ်မှာ အနည်းဆုံး သရေရလဒ်ထွက်ပေါ်လာဖို့ လိုအပ်နေတော့တာ ဖြစ်ပါတယ်။

နောက်အပတ်မှာ ဂျာမနီကို သွားရောက်ကစားရမည့် ပွဲစဉ်နှင့် ပတ်သက်ပြီး အိုဝင်က “PSGက နောက်တစ်ဆင့်ကိုတက်ရောက်နိုင်ဖို့ ပိုပြီးကောင်းမွန်တဲ့ အခြေအနေတစ်ခုမှာ ရှိနေပါပြီ။ မန်ချက်စတာယူနိုက်တက်နှင့် လိုက်ဇစ်ပ်အသင်းတို့ကတော့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားကြရတော့မှာ ဖြစ်ပါတယ်။ နှစ်သင်းစလုံးက ဂိုးတွေ သွင်းယူနိုင်စွမ်းရှိပါတယ်။ ဒါပေမယ့် နှစ်သင်းစလုံးက စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေပါတယ်။ သူရဲနီတို့အနေနဲ့ ဂျာမနီကို အကြောက်တရားတွေနဲ့ သွားရောက်မကစားသင့်ပါဘူး။”လို့ တိုက်တွန်းထားပါတယ်။

“ယူနိုက်တက်က ဂျာမနီမှာ ဂိုးတွေသွင်းယူနိုင်လိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ယူနိုက်တက်အနေနဲ့ သရေ ဒါမှမဟုတ် အနိုင်ရလိမ့်မယ်လို့ ကျွန်တော်က မျှော်လင့်ထားပါတယ်။ ဒါပေမယ့် အသင်းကို အန္တရာယ်များတဲ့အခြေအနေရောက်အောင် သူတို့ကိုယ်တိုင် တွန်းပို့ခဲ့တာ ဖြစ်ပါတယ်။”လို့ အိုဝင်က ပြောကြားသွားခဲ့ပါတယ်။

#MUFF
Crd

 

ZAWGYI

ဦးေႏွာက္မရွိတဲ့ ဖရက္ဒ္လို႔ဆိုလာတဲ့ မိုက္ကယ္အိုဝင္

“ဖရက္ဒ္က တကယ့္ကို အမွားေတြအမ်ားႀကီး က်ဴးလြန္ခဲ့ပါတယ္။ ပရဲဒက္စ္ကို ျပစ္ဒဏ္က်ဴးလြန္ခဲ့တာက အနီကဒ္ရရွိခဲ့သင့္ပါတယ္။ သူက အ႐ြယ္ေရာက္ၿပီးသူတစ္ေယာက္ပါ။ အသင္းကို ဒုကၡေပးႏိုင္တဲ့ စိတ္လိုက္မာန္ပါအျပဳအမူမ်ိဳးကို မျပဳလုပ္သင့္ပါဘူး။ဦ‌ေႏွာက္မရွိမွသာက်ဴးလြန္မယ့္ အရာမ်ိဳးပါ။ တကယ္လို႔ ကြၽန္ေတာ္သာ နည္းျပတစ္ေယာက္ျဖစ္ၿပီး ကြၽန္ေတာ့္ရဲ႕ကစားသမားတစ္ေယာက္က အဲ့လိုျပဳမူခဲ့မယ္ဆိုရင္ သူ႔ကို ကြၽန္ေတာ့္ရဲ႕အသင္းမွာ ေနာက္ထပ္ကစားခြင့္ျပဳေတာ့မွာမဟုတ္ပါဘူး။ ဒါက တကယ္ကို မိုက္႐ူးရဲဆန္တဲ့ ကိစၥပါ။”လို႔ အိုဝင္က BT Sportကို ေျပာၾကားခဲ့ပါတယ္။

“ၿခဳံငုံၾကည့္မယ္ဆိုရင္ ဖရက္ဒ္ကို အျပစ္တင္သင့္ပါတယ္။ ဒါေပမယ့္ ဆိုးရွားကလည္း နည္းျပတစ္ေယာက္အေနနဲ႔ သူ႔ကို ကာကြယ္ေပးရမွာ ျဖစ္တာေၾကာင့္ ႏွစ္ေယာက္လုံးကို အျပစ္တင္ရမွာျဖစ္ပါတယ္။ “လို႔ အိုဝင္က ေျပာခဲ့ပါတယ္။

အို႔ထရန႔္ဖို႔မွာ ပြဲစဥ္စတင္ၿပီးမၾကာမီမာ ေနမာက PSGအသင္းအတြက္ ဦးေဆာင္ဂိုးသြင္းယူသြားႏိုင္ခဲ့တာ ျဖစ္ပါတယ္။ ဒါေပမယ့္ ပြဲခ်ိန္(၃၂)မိနစ္အေရာက္မွာေတာ့ မားကပ္ရက္စ္ဖို႔က ယူႏိုက္တက္အတြက္ ေခ်ပဂိုးကို သြင္းယူေပးခဲ့ႏိုင္ပါတယ္။ ဒုတိယပိုင္းအတြင္းမွာေတာ့ PSGအသင္းေခါင္းေဆာင္ မာကြင္ညိဳက အနီးကပ္ပိတ္သြင္းယူသြားခဲ့ၿပီး PSGအသင္းကို ဆက္လက္ဦးေဆာင္ေစခဲ့ပါတယ္။ ဦးေဆာင္ဂိုးေပးလိုက္ရၿပီး သိပ္မၾကာခင္မွာဘဲ ဖရက္ဒ္က ထုတ္ပယ္ခံရကာ ယူႏိုက္တက္တို႔က (၁၀)ေယာက္တည္းနဲ႔ ဆက္လက္ ယွဥ္ၿပိဳင္ကစားခဲ့ရတာ ျဖစ္ပါတယ္။

ေနမာရဲ႕ ဒုတိယသြင္းဂိုးကိုေတာ့ အခ်ိန္ပိုအတြင္းမွာမွ သြင္းယူသြားခဲ့တာ ျဖစ္ပါတယ္။ အဆိုပါရလဒ္ေၾကာင့္ ယူႏိုက္တက္အေနနဲ႔ ခ်န္ပီယံလိဂ္မွာ ေနာက္တစ္ဆင့္တက္ေရာက္ႏိုင္ဖို႔ လိုက္ဇစ္ပ္အသင္းႏွင့္ပြဲစဥ္မွာ အနည္းဆုံး သေရရလဒ္ထြက္ေပၚလာဖို႔ လိုအပ္ေနေတာ့တာ ျဖစ္ပါတယ္။

ေနာက္အပတ္မွာ ဂ်ာမနီကို သြားေရာက္ကစားရမည့္ ပြဲစဥ္ႏွင့္ ပတ္သက္ၿပီး အိုဝင္က “PSGက ေနာက္တစ္ဆင့္ကိုတက္ေရာက္ႏိုင္ဖို႔ ပိုၿပီးေကာင္းမြန္တဲ့ အေျခအေနတစ္ခုမွာ ရွိေနပါၿပီ။ မန္ခ်က္စတာယူႏိုက္တက္ႏွင့္ လိုက္ဇစ္ပ္အသင္းတို႔ကေတာ့ အႀကိတ္အနယ္ ယွဥ္ၿပိဳင္ကစားၾကရေတာ့မွာ ျဖစ္ပါတယ္။ ႏွစ္သင္းစလုံးက ဂိုးေတြ သြင္းယူႏိုင္စြမ္းရွိပါတယ္။ ဒါေပမယ့္ ႏွစ္သင္းစလုံးက စိုးရိမ္ရတဲ့ အေျခအေနမွာ ရွိေနပါတယ္။ သူရဲနီတို႔အေနနဲ႔ ဂ်ာမနီကို အေၾကာက္တရားေတြနဲ႔ သြားေရာက္မကစားသင့္ပါဘူး။”လို႔ တိုက္တြန္းထားပါတယ္။

“ယူႏိုက္တက္က ဂ်ာမနီမွာ ဂိုးေတြသြင္းယူႏိုင္လိမ့္မယ္လို႔ ကြၽန္ေတာ္ထင္ပါတယ္။ ယူႏိုက္တက္အေနနဲ႔ သေရ ဒါမွမဟုတ္ အႏိုင္ရလိမ့္မယ္လို႔ ကြၽန္ေတာ္က ေမွ်ာ္လင့္ထားပါတယ္။ ဒါေပမယ့္ အသင္းကို အႏၲရာယ္မ်ားတဲ့အေျခအေနေရာက္ေအာင္ သူတို႔ကိုယ္တိုင္ တြန္းပို႔ခဲ့တာ ျဖစ္ပါတယ္။”လို႔ အိုဝင္က ေျပာၾကားသြားခဲ့ပါတယ္။

#MUFF
Crd

Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ

X