Sport

ကာဗာနီကယူနိုက်တတ်ရဲ့ ခေါင်းတိုက်သွင်းဂိုးတေအတွက် အဖြေလား

UNICODE

ကာဗာနီကယူနိုက်တတ်ရဲ့ ခေါင်းတိုက်သွင်းဂိုးတေအတွက် အဖြေလား

ယူနိုက်တတ်အသင်းဟာ တစ်ချိန်က ခေါင်းတိုက် သွင်းဂိုးမျာနဲ့ အတူ နောက်ဆုံးမိနစ်တေ မှာ နိုင်ပွဲအလီလီ ရယူ နိုင်ခဲ့ သည့် အသင်းမျိုးဖြစ်ပါတယ်။တစ်ချိန်က ယူနိုက်တတ်အသင်းရဲ့ ရှုံးနေတဲ့ အချိန်ရဲ့နောက်ဆုံးမိနစ်တေ ဟာ ဖြတ်‌တင်ဘောတေကနေ ခေါင်းတိုက်သွင်းဂိုးတေနဲ့ အတူ အနိုင်ရလဒ်တေကို ပြောင်းလဲခဲ့တာ မနည်းလှပါဖူး။ အနီးစပ်ဆုံးဆို ဗန်ပါစီ၊ရော်နယ်ဒို၊ ရွန်းနီ၊ ဘာဘာတောပ့်၊ တို့မှာ ခေါင်းတိုက်ဂိုး များစွာ ဖြင့် ယူနိုက်တတ်ကို အမှတ်များစွာ ရယူပေးနိုင်ခဲ့သူ များ ဖြစ်ကြပါသည်။ထို့အပြင် ကွင်းလယ်မှ ပေါလ်စခိုလ်းတို့လိုကစားသမား‌တေကလည်း လိုအပ်ရင် လိုအက်သလို သွင်းဂိုးတေ ရယူကာ အမှတ်တေ ရှာဖွေပေးခဲ့ကြသူ တေဖြစ်ပါတယ်။

ဒါပေမယ့် နောက်ပိုင်း အချိန်ကာလတေမှာတော့ ယူနိုက်တတ်ဟာ ခေါင်းတိုက်သွင်းဂိုးတေကို ရှားပါးခက်ခဲလာခဲ့ပါတယ်။ပုံမှန်ခေါင်းတိုက်သွင်းယူဘသူတေဟာ
မရှိတော့သလို ခံစစ်အတွင်းသို့ ၀င်ရောက်ရန်ခက်ခဲနေချိန်မှာလည်း ခေါင်းတိုက်သွင်းဂိုးတေ နဲ့ အဖြေ မရှာနိုင်ခဲ့ပါဖူး၊ဒီလိုနဲ့ အမှတ်တေဟာ ဆုံးရှုံးနေခဲ့ရတာပါ။တောင်ပံလူစစ်စစ်တေ အားနည်းလာတာကြောင့်လို့ ပြောနိုင်သလို ခေါင်းတိုက်ဘော ကျွမ်းကျင်သူ တေရှားပါးတာဟာ လည်း အဖြေတစ်ခု ဖြစ်ပါလိမ့်မယ်။

မည်သို့ပင် ဆိုစေကာ မူ ယူနိုက်တတ် ကို ပြီးခဲ့တဲ့ နွေရာသီက မှ အသစ်ရောက်ရှိလာခဲ့သူဘတိုက်စစ်မှုး ကာဗာနီ ဟာ တော့ ပီးခဲ့တဲ့ ဆောက်သမ်တန်နဲ့ ပွဲမှာခေါင်းတိုက်ဂိုး နှစ်ဂိုး ကို သွင်းယူနိုင်ခဲ့ပါသည်။

2018/19 ရာသီစတင်ချိန်မှစ၍ မန်ချက်စတာယူနိုက်တက်၏တိုက်စစ်ပိုင်းတွင် ခေါင်းတိုက်ဂိုးအများဆုံးသွင်းယူထားသူမှာ Anthony Martial (၂ဂိုး) ဖြစ်သည်။
ယခုအခါ အဆိုပါမှတ်တမ်းကို ပြီးခဲ့တဲ့ အပါတ်က Saints နဲ့ပွဲမှာ Cavani သွင်းလိုက်တဲ့ ခေါင်းတိုက်ဂိုး ၂ဂိုးဟာ United အသင်းရဲ့ ၂နှစ်တာအတွင်း အများဆုံးခေါင်းတိုက်သွင်းဂိုးစာရင်းမှာ ထိပ်ဆုံးရောက်သွားခဲ့ပြီး Cavani ထက် ခေါင်းတိုက်ဂိုးပိုသွင်းနိုင်တဲ့ ကစားသမားမရှိသေးပါဖူး။ဆိုတော့ Cavani က United တို့အတွက် ရှားပါးနေတဲ့ ခေါင်းတိုက်ဂိုးတွေ အတွက် အဖြေတစ်ခုများဖြစ်လာမလားဆိုတာဆက်လက်စောင့်ကြည့်ရမှာ ဖြစ်ပါကြောင်းးးး

#MUFF

ZAWGYI

ကာဗာနီကယူနိုက်တတ်ရဲ့ ခေါင်းတိုက်သွင်းဂိုးတေရဲ့ အဖြေလား





#MUFF

Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ

X