Sport

ယနေ့ည PSG နဲ့ ပွဲအတွက် UNITED အသင်းရဲ့ နောက်ဆုံးရအနီးကပ်ဆုံးခန့်မှန်းလူစာရင်း

UNICODE

ယနေ့ည PSG နဲ့ ပွဲအတွက် နောက်ဆုံးရအနီးကပ်ဆုံးခန့်မှန်းလူစာရင်း

ယူနိုက်တတ်အသင်းဟာ ယနေ့ည မန်ချက်စတာယူနိုက်တတ်ရဲ့ အိမ်ကွင်းအိုးထရက်ဖိုဒ်မှာ ပြင်သစ်အင်အားကြီးကလပ် တစ်သင်းဖြစ်သူ PSG အသင်းကို အိမ်ရှင် အဖြစ်လက်ခံယှဉ်ပြိုင် ကစားရမှာဖြစ်ပါတယ်။

ယူနိုက်တတ်အသင်းမှာ ဒါဏ်ရာရ ကစားသမား အများအပြားရှိနေပြီး ပေါ့ဘာ၊မာရှယ်တို့ မှာ ကြံ့ခိုင်မှုပြည့်၀လာပြီဖြစ်သော်လည်း ပွဲကစားရန် လေ့ကျင့်ချိန်နည်းပါးခြင်းကြောင့်ပါ၀င်လာဖွယ်မရှိပေ။ ထို့အပြင် အသင်း၏ ပင်တိုင်ဂိုးသမားဖြစ်သူ ဒီဂီယာမှာလည်း တနေ့ကကစားခဲ့သည့် ဆောက်သမ်တန် အသင်းနှင့် ပွဲစဉ်တွင် ရရှိခဲ့သော ဒဏ်ရာပြဿနာကြောင့် ပါ၀င်နိုင်ဖွယ်မရှိဘဲ လူငယ်ဂိုးသမားဖြစ်သူ ဒင်းဟန်ဒါဆန် က ပွဲထွက်ပါ၀င်လာဖွယ်ရှိပါသည်။

ထို့အပြင်လုခ်ရှော မှာလည်း ဒဏ်ရာပြဿနာမှ သက်သာလာသော်လည်း ပြန်လည်မကစားနိုင်သေးကြောင့် ဆိုလ်းရှားမှာ အတည်ပြုထားပါသည်။

ထို့ကြောင့် ယူနိုက်တတ်အသင်းအနေဖြင့် တိုက်စစ်တွင် ရွေးချယ်စရာအားဖြင့် မာတာ၊ရက်ဖို့၊ဂရင်းဝုဒ်၊ကာဗာနီ၊ဒန်နီရယ်ဂျိမ်းတို့ ရှိနေပြီး ပုံမှန်ပွဲကစားခွင့်ရရှိထားသော ကာဗာနီ၊ဂရင်းဝုဒ်၊ရက်ဖို့ တို့ တိုက်စစ်အတွဲမှာ ပါ၀င်ပွဲထွက်လာနိုင်ခြေရှိပါသည်။

 

ထို့ပြင်ကွင်းလယ်၌ လည် တော်မီနေး၊ပေါ့ဘာတို့မှာ ကစားရန် အဆင်သင့်မဖြစ်သေးသောကြောင့် ‌ဗန်ဒီဘီ၊ဖရက်၊ဖာနန်ဒက်အတွဲ ပွဲထွက် လာနိုင်ပြီး
နောက်ခံကစားသမားများအဖြစ် မက်ဂွားယား၊လင်ဒီလောဒ့်၊တဲလက်စ်၊ ဘစ်စာကာ တို့ သာ ပွဲထွက်လာနိုင်သည် ဟုသိရပါသည်။

ထို့ပြင် ဂိုးသမား နေရာတွင် ဒင်းဟန်ဒါဆန်က ပွဲထွက်ပါ၀င်မည်ဖြစ်သည်ဟု ခန့်မှန်း လူစာရင်းထွက်ပေါ်လာခဲ့ပါတယ်။

ယူနိုက်တတ်ရဲ့ ခန့်မှန်းလူစာရင်း

ဂိုး-ဟန်ဒါဆန်

နောက်တန်း- တဲလက်စ်၊ မက်ဂွားယား၊ လင်ဒီလောဒ့်၊ ဘစ်စာကာ

ကွင်းလယ်- ဖာနန်ဒက်၊ဗန်ဒီဘီ၊ ဖရက်

တိုက်စစ်- ဂရင်းဝုဒ်၊ ကာဗာနီ၊ ရက်ဖို့

#MUFF

ZAWGYI









ဂိုး-ဟန်ဒါဆန်




#MUFF

Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ

X