Sport
ဖာနန်ဒက်ကခေါင်းဆောင်လက်ပါတ်မပါဘဲဦးဆောင်နိုင်သူဟု ချီးကျူးသွားတဲ့ PSG နည်းပြ
UNICODE
ဖာနန်ဒက်ကခေါင်းဆောင်လက်ပါတ်မပါဘဲဦးဆောင်နိုင်သူဟု ချီးကျူးသွားတဲ့ PSG နည်းပြ
PSG အသင်းဟာ ယနေ့ည ၂:၃၀ အချိန်မှာ ချန်ပီယံလိဂ် ပွဲစဉ်အဖြစ် မန်ချက်စတာယူနိုက်တတ်အသင်း၏ အိုးထရက်ဖို့ဒ်ကွင်း၌ ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်
ယူနိုက်တတ် အသင်းသည် ပြီးခဲ့သည့် ပထမအကျော့ တွေ့ဆုံမှု တွင် PSG အသင်းကို အဝေးကွင်းတွင် ၂-၁ ဂိုးဆိုသည့် ရလဒ်ဖြင့် အနိုင်ရရှိထားပြီး ယနေ့ည၌ အိမ်ကွင်း၌ ပြန်လည် ရင်ဆိုင်ရကစားရမည် ဖြစ်သည်။
အဆိုပါပွဲစဉ်နှင့်ပါတ်သတ်ပြီး PSG နည်းပြ ဖြစ်သူ တူချယ်က ယူနိုက်တတ် အသင်းနဲ့ ပါတ်သတ်ပြီး အောက်ပါအတိုင်းချီးကျူး သွားခဲ့ ပါတယ်။
တူချယ် (PSG နည်းပြ)က ” ကာဗာနီရဲ့ ပြတ်သားမှုတိကျမှုတေကို ပြီးခဲ့တဲ့ ဆောက်သမ်တန်နဲ့ ပွဲမှာ ကျနော်တွေ့ခဲ့ရပါတယ်။ ဂိုးဧရိယာထဲမှာ သူ့ရဲ့အရည်အသွေး နဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုက အရမ်းကောင်းပါတယ်။ဒါပေမယိ့ အံ့သြစရာ တော့မဟုတ်ဘူးဗျ။ ကျွန်တော်တို့က သူ့အကြောင်းကို တကယ်ကိုကောင်းကောင်းသိတယ်လေ။ သူနဲ့ ပြိုင်ဘက်အဖြစ်ရင်ဆိုင်ကစားရတဲ့အခုလိုအချိန်မှာတော့ ကျနော်သူ့ကို ဘလိုတားဆီးရမလဲဆိုတာ အဖြေထုတ်ကပါမယ်။ကျွန်တော့်ကစားသမား တွေ သူတို့ရဲ့ Old Trafford ကွင်းမှာလေ့ကျင့်ခန်းဆင်းရတာလည်း အင်မတန်ကို မှ အကျိုးရှိလှတယ်။
ရက်ဖိုဒ်ကိုတော့ကျနော်တို့ အင်မတန်အထင်ကြီးလေးစားမိပါတယ်။လူငယ်တစ်ယောက်နဲ့မညီအောင် ကွင်းတွင်းကွင်းပြင် လုပ်တောင်ချက်တေက တကယ်ကောင်းပြီး တာ၀န်ကျေ‌အောင်လည်း လုပ်ဆောင်နိုင်တယ်လေ။အရိုးသားဆုံး၀န်ခံရမယ်ဆို ကျနော့်ဘက်က သူ့ကို အရမ်းအထင်ကြီးလေးစားမိပါတယ်။ကျနော့်တို့ သူနဲ့ ၃ ကြိမ်တိတိတွေ့ဆုံပြီးပြီလေ။သူကစိတ်ထားအင်မတန်ကောင်းတယ်ဗျ။ပြီးတော့ ကစားပုံနဲ့ ပြိုင်ဘက်တိုင်းကို ချိန်းခြောက်နိုင်တယ်။ပြီးတော့ ကစားပုံကတိကျတယ် တန်ပြန်တိုက်စစ်မှာလည်း ပြေးနှုန်းကလည်း ထူးရှယ်ပါဘဲ” ဟု ချီးကျူးသွားခဲ့ပါတယ်။
ထို့ပြင်ကာဗာနီရဲ့ ပြဿနာနဲ့ ပါတ်သတ်ပြီးလည်း
“ကျွန်တော်ကအများအားဖြင့် ဆိုရှယ်မီဒီယာအသုံးပြုတဲ့သူမဟုတ် ပါဘူး။ သူ့အဖြစ်အပျက်ကိုကြားတော့ကျ‌တော် အံ့သြမိပါတယ်။သူ့အကြောင်းကိုကျွန်တော် က ကောင်းကောင်းသိတယ်‌လေ။စိတ်ထားကောင်း အင်မတန်မှရှိတဲ့ ကစားသမားပါ။ သူ့မှာအဲ့လို လူမျိုးရေးခွဲခြားတဲ့စိတ်ထားတွေမရှိပါဘူး။ သူက အသင်းအတွက်ဆိုအရာရာပေးစွမ်းတဲ့ ကစားသမားမျိုးပါ။” ဟုပြောသွားခဲ့ပါသည်။
ထို့ပြင် ဖာနန်ဒက်အပေါ်
“ဖာနန်ဒက်ကိုကျနော်အထင်ကြီး မိပါတယ်။အချိန်တို
လေးအတွင်းမှာ ယူနိုက်တက်အတွက် လွမ်းမိုးပြီးကစားပေးနိုင်ခဲ့တယ်။ ဒီဟာ အသင်းကမျှော်လင့်ထားမယ်အရာလည်းဖြစ်တယ်။ ဒါက သာမန်တော့မဟုတ်ပါဖူး။ ဖာနန်ဒက်ရဲ့ခြေစွမ်းကို ကျ‌နော်တို့ အထူးသတိထားရမယ်။ သူ့လို ကစားသမားတွေက ထိန်းချုပ်ရခက်ပါ တယ်။ အသင်းဘက်က ပေးသမျှတာဝန်ကို သူကကျေပွန်နိုင်တဲ့သူပါ။ အသင်းခေါင်းဆောင်လက်ပတ်မ၀တ်ထားပေမယ့် ဦးဆောင်နိုင်တဲ့ ကစားသမားမျိုးပါ။ ယူနိုက်တက်အတွက်တော့ သူက အဓိက ကစားသမားပါ။ သူ့ကိုတားဆီးနိုင်ဖို့ ကျွန်တော်တို့ဘက်က အဖြေရှာသွားပါမယ်။ ” ဟု ချီးကျူး ပြောဆိုသွားခဲ့ပါတယ်။
#MUFF
ZAWGYI
#MUFF
Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ
X