Sport
ပေါ့ဘာကိုထိန်းမရအောင်ကောင်းသူဟုချီးကျူးသွားတဲ့PSG ကွင်းလယ်လူ
UNICODE
ပေါ့ဘာကိုထိန်းမရအောင်ကောင်းသူဟုချီးကျူးသွားတဲ့ PSG ကွင်းလယ်လူ
မန်ချက်စတာ ယူနိုက်တတ် အသင်းနှင့် PSG အသင်းတို့ဟာ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်အဖြစ် ယနေ့ည ၂:၃၀ အချိန်၌ မနမချက်စတာယူနိုက်တတ်အသင်း၏ အိမ်ကွင်း အိုးထရက်ဖိုဒ်ကွင်း ၌ ယှဉ်ပြိုင်ကစားကြရမည်ဖြစ်သည်။
ပြီးခဲ့သည့် ပထမအကျော့ ပွဲစဉ်တွင် ယူနိုက်တတ်အသင်းက PSG အသင်းကို ၂-၁ ဂိုးဖြင့်အနိုင်ရရှိထားသော ကြောင့် ယူနိုက်တတ်အသင်းက ယခုပွဲကို နိုပွဲရရှိရန် ပိုမိုရေပန်းစားနေသည်။
ထို့အပြင် ယူနိုက်တတ်အသင်းက ချန်ပီယံလိဂ် အိမိကွင်းပွဲစဉ်များတွင် ၂ ပွဲစလုံးညအနိုင်ရရှိထားသောကြောင့် PSG အသင်းအတွက် ခက်ခဲမည့် ပွဲစဉ်တစ်ပွဲလည်း ဖြစ်ပါသည်။
အဆိုပါပွဲစဉ်တွင် ယူနိုက်တတ်အသင်းနှင့် တွေ့ဆုံရမည့် အရေးနှင့်ပါတ်သတ်ပြီး PSG အသင်း၏ အဓိကကွင်းလယ်လူတစ်ဦးဖြစ်သူ ဗရတ်တီက ယူနိုက်တတ်ကစားသမားများကို အောက်ပါအတိုင်းချီးကျူးသွားခဲ့ပါသည်။
ဗာရက်တီက ” မန်ချက်စတာယူနိုက်တတ်လား?ဒီအသင်း နဲ့ ကစားရမယ်ဆိုတာ တကယ်ကိုခက်ခဲတာပါ။ အရမ်းကိုခက်ခဲပါတယ်။ မြန်နှုန်းကလည်း ကြောက်စရာပါ။ မှာရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုတွေကလည်း ကစားသမားတေ အားလုံးကောင်းကြပါတယ်။ သူတို့ ဆီမှာအရမ်းမြန်တဲ့ အလျင်တေရှိသလို အရမ်းလည်းကောင်းမွန်ကြပါတယ်။ ရပ်ရှ်ဖို့ဒ်ဆိုရင် အရမ်းငယ်ပေမယ့် ခြေစွမ်း ကောင်း‌တေကိုပိုင်ဆိုင်ထားပါတယ်။ ပေါ့ဘာကတော့ ကျနော့်အကြိုက်ကစားသမားပါ။ဒီနေ့ပွဲသူ မပါလာဖို့ကို တော့ ကျနော် မျှော်လင့်ပါတယ်။ အဓိကကတော့ သူကစိတ်ထားအင်မတန်ကောင်း
တဲ့ ကကစားသမားမို့ ပါ။ တကယ့်တကယ် ပွဲစဉ်တေဆို ထိန်းမရအောင်ခက်တယ်ဗျ။ ဖာနန်ဒက်ဆိုရင်လည်း လက်ရှိမှာ အကောင်းဆုံးစွမ်း ဆောင်ထားပါတယ်” ဟုပြောဆိုခဲ့သည်။
PSG အသင်းမှာ ယနေ့ည ပွဲစဉ်၌ PSG အသင်းမှ အီကာဒီ၊ဘာနတ်၊ ဒရစ်လာ၊ဆာရာဘီယာ စသည့် ကစားသမား တို့လွဲချော်မည်ဖြစ်ကြောင်းသိရပါသည်။
#MUFF
ZAWGYI
#MUFF
Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ
X