Sport

ကာဗာနီကိုမကြိုက်တဲ့ အချက်ကို ဟာသလေးနဲ့ပြောသွားတဲ့ ဆိုလ်းရှား

UNICODE

ကာဗာနီကိုမကြိုက်တဲ့ အချက်ကို ပြောပြသွားတဲ့ ဆိုလ်းရှား

ယူနိုက်တတ်အသင်းဟာ လာမယ့် ကြာသာပတေးနေ့မနက် ဗုဒ္ဓဟူးနေ့ ည ၂:၃၀ အချိန်မှာ PSG အသင်းကို ချန်ပီယံလိဂ် ပွဲစဉ် (၅) အဖြစ် ယှဉ်ပြိုင် ကစားရမည် ဖြစ်သည်။ယူနိုက်တတ်အသင်းဟာ ချန်ပီယံလိဂ် အုပ်စု အဆင့်တွင် PSG, လိုက်ပဇစ် ပသင်းတို့လို အသင်းကောင်းများနှင့် တစ်ဖွဲ့ထဲကျရောက်နေပြီး ၄ပွဲတွင် ၃ ပွဲအနိုင်ရရှိကာ ရမှတ် ၉ မှတ်ဖြင့် အုပ်စု ပထမအဖြစ်ရပ်တည်နေပါသည်။

သို့ဖြစ်၍ အဆိုပါပွဲစဉ်တွင် ယူနိုက်တတ် အသင်းအနေဖြင့် သရေ တစ်မှတ် (သို့) အနိုင် ရရှိပါက နောက်တစ်ဆင့်ကို တတ်နိုင်တော့ မှာ ဖြစ်လို့ ယူနိုက်တတ်ဘက် က အစွမ်းကုန် ကြိုးစားလာမှလည်း ဖြစ်ပါတယ်။

သို့သော် ယူနိုက်တတ်အသင်းဘက်မှ အဓိ ကကစားသမား ၅ ဦး အဖိ လွှဲချော်ဖွယ်ရှိနေပြီး အဆိုပါ ကစားသမား များထဲ တွင် တိုက်စစ်မှုး ဖြစ်သူ မာရှယ်လည်း အပါအ၀င်ဖြစ်ပါသည်။ သို့ သော်ယူနိုက်တတ်အသင်းဘက်မှ တိုက်စစ်မှုး ဖြစ်သူ ကာဗာနီ က အသင်းဟောင်းနှင့် ရင်ဆိုင်ရမည် ဖြစ်သည့် အပြင် ပီးခဲ့ သည် ပရီးမီးယားလိဂ်ပွဲစဉ်တွင် လည်း ထူးရှယ်ခြေစွမ်းပြ သကာ ယူနိုက်တန် အသင်း အတွက် အနိုင် (၃) မှတ်ရယူ ပေးနိုင်ခဲ့သောကြောင့် ပရိတ်သတ်များသာမက နည်းပြ၏ ချီးကျူးမှု ကို ရရှိ ထားသူ ဖြစ်ပါသည်။

သို့သော် နည်းပြဆိုလ်းရှား က တိုက်စစ်မှုး ဖြစ်သူ ကာဗာနီ အား ၎င်း မကျေနပ်သည့် အချက်ကို အောက်ပါအတိုင်းရင်ဖွင့်သွားခဲ့ပါတယ်။

လတ်တလောခြေစွမ်းပြနေတဲ့ဝါရင့်တိုက်စစ်မှုး ကာဗာနီအပေါ် Ole Gunnar Solskjaer က

“သူနဲ့ပတ်သတ်သမျှအရာအားလုံးနီးပါးကို ကျနော်သဘောကျပါတယ်၊အရာအားလုံးအဆင်‌ပြေပါတယ်။
ဒါပေမယ့် တစ်ခါတလေ မှာသူ ကာရင်တန်‌ရောက်ရင် ကားပါကင်ထိုးတာအရမ်းကပ်လွန်းတယ်” ဟု ဟာသလေးနှောက ပြောဆိုသွားခဲ့တာဘဲဖြစ်ပါတယ်
#MUFF

ZAWGYI








#MUFF

Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ

X