Uncategorized

ကာဗာနီကို မှတ်သားလောက် အောင်ပြစ်ဒဏ်ချခိုင်းခဲ့တဲ့ ၀တ်ဖို့တိုက်စစ်မှုး ဒီနေး

UNICODE

ကာဗာနီကို မှတ်သားလောက်အောင်ပြစ်ဒဏ်ချခိုင်းခဲ့တဲ့ ၀တ်ဖို့တိုက်စစ်မှုး ဒီနေး

၀တ်ဖို့အသင်းရဲ့ တိုက်စစ်မှုး ဒီနေးဟာ ယူနိုက်တတ်အသင်းရဲ့ တိုက်စစ်မှုး ဖြစ်သူ ကာဗာနီ အား ၎င်း၏ အပြစ်အတွက် မှတ်လောက်သားလောက်အောင် FA မှ အပြစ်ပေးသင့်ကြောင်း Talk Sport ရဲ့ Monday Mornee စကားဝိုင်းအစီစဉ်မှာ ပြင်းပြင်းထန်ထန်ပြောဆိုခဲ့ပါသည်။

အဆိုပါ ၀တ်ဖို့တိုက်စစ်မှုး ဒီနေးဟာ ယူနိုက်တတ် အသင်းဟာ လူကာကူကို ရောင်းချ ခြင်းမှာ မှားရွင်းကြောင်း ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ဖူး သူလည်း ဖြစ်ပါသည်။

United အသင်း သည် FA ဖလား တတိယ အဆင့်ပွဲစဉ်အဖြစ် ဒီနေး လက်ရှိကစားလျှက်ရှိသော Watford အသင်းအား အိမ်ကွင်းတွင် ဧည့်ခံ ယှဉ်ပြိုင်သွားမည်ဖြစ်သည်။ ထိုပွဲစဉ်အား ဇန်နဝါရီ ၉ သို့မဟုတ် ၁၀ ရက်နေ့တွင် ကစားကြမည်ဖြစ်သည်။

အဆိုပါစကားဝိုင်းတွင် ဒီနေးက ကာဗာနီ၏ IG story တွင် တင်ထားတဲ့ Post နဲ့ ပါတ်သတ်ပြီး ဝေဖန်သွားခြင်းဖြစ်သည်။ကာဗာနီသည် အဆိုပါကိစ္စနှင့်ပါတ်သတ်ပြီး “မိမိမှာ လူမျိုးရေးခွဲခြားခြင်းကို အပြင်းအထန်ရှုံးချသူ ဖြစ်ကြောင်း၊အဆိုပါကိစ္စမှာ နားလည်မှု လွဲမှားခြင်း ဖြစ်ကြောင်း” တောင်းပန်သွားခဲ့ပြီး ဖြစ်ပါသည်။

သို့သော် ဒီနေးက “ဒီစာက သူရေးတင်ခဲ့တာဘဲ မှတ်လား၊ကာဗာနီက ဪရည်ရွယ်ချက်မရှိပါဖူး လို့ပြောလည်း သူရေးတာဘဲလေ။ဒီလိုလုပ်ခဲ့တယ်ဆိုထဲ က သူ့မှာ အသိညာဏ်မရှိလို့ ဘဲဖြစ်မှာပေါ့။ဒါက လက်ခံသင့်တဲ့ အရာမျိုး မဟုတ်ပါဖူး။
FA ကသူ့ကို ပြင်းပြင်းထန်ထန်အရေးယူသင့်ပါတယ်။မှတ်သားအောင် ပြစ်ဒဏ်ချ မှတ်သင့်ပါတယ်” ဟူ ပြောကြားသွားခဲ့ခြင်းဖြစ်သည်။

#MUFF

ZAWGYI







#MUFF

Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ

X