Sport

အမေ့ခံ နှစ်ယောက်ကိုချီးကျူးသွားခဲ့တဲ့ ဖာနန်ဒက်

UNICODE

မနေ့ညပွဲရဲ့ အမေ့ခံ နှစ်ယောက်ကို ချီးကျူးသွားခဲ့တဲ့ ဖာနန်ဒက်

ပြီးခဲ့တဲ့ ည က ဆောက်သမ်တန်နဲ့ ယူနိုက်တတ် အသင်းရဲ့ ပွဲစဉ်မှာ ယူနိုက်တတ် အသင်းဟာ ၂-၃ ဂိုးဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။အဆိုပါပွဲစဉ်မှာတော့ ယူနိုက်တတ် အသင်းအတွက် ၂ ဂိုးပြတ်ရှုံးနိမ့်နေရာမှာ တိုက်စစ်မှုး ဖြစ်သူ ကာဗာနီက လူစား၀င်လာပြီးနောက် ၂ ဂိုးသွင်း ကာ တစ်ဂိုးဖန်တီးသွားနိုင် ခဲ့ပါတယ်။ဒါကြောင့် ယူနိုက်တတ်ပရိတ်သတ်များက ဗန်ဒီဘီ၊ဖာနန်ဒက်နဲ့ ကာဗာနီတို့ ကို အသီးသီး ချီးကျူးခဲ့ကြပေမယ့်
အသင်းအတွက် ဘရူနိုဖာနန်ဒက်အတွက် သူရဲကောင်းဖြစ်ခဲ့သူ နှစ်ဦးတော့ ရှိခဲ့ပါသေးတယ်။အဆိုပါ သူရဲကောင်းနှစ်ဦးကို တော့ ဖာနန်ဒက်က MUTV နဲ့ ပွဲအပြီး အင်တာဗျူးမှာ အောက်ပါအတိုင်း ပြောသွားခဲ့ပါတယ်။

ဖာနန်ဒက်က
“DONNY ကဒီပွဲမှာ တကယ် ကောင်းအောင်ကစားသွားခဲ့ပါတယ်။ဒါပေမယ့် ကျနော်တို့အတွက် မာတစ်နဲ့ ဖရက်က ပိုပြီး အရေးကြီးခဲ့ပါတယ် လို့ MUTV နဲ့ ပွဲအပြီးအင်တာဗျူးကို ဖြေသွားပေးခဲ့ပါတယ်။

“သူတို့ အလုပ်ကို ကြိုးစားပြီးကစားခဲ့ကြတာပါ။သူတို့နှစ်ယောက် က ဒီပွဲကို ထိန်းချုပ်ပြီး ဘောလုံးတေ ပေးပို့ခဲ့ပါတယ်။ဒုတိယပိုင်းမှာ သူတို့ ကျတော်တို့ ပျက်သွားတဲ့ ဘောလုံးတေကို အများကြီး ပြန်ဆယ်ပေးခဲ့တာဗျ။ပီးတော့ Donny ကတော့ တကယ့်ကို အရည်အချင်း ရှိတဲ့ ကစားသမားတစ်ယောက်ပါ။အသင်းမှာ သူက ကွင်းလယ်ကစားသမားတိုင်းမှာ လိုအပ်တဲ့ အရည်အချင်းတေကို ထပ်မံပေါင်းထည့် ပေးခဲ့တာပါ။ကျနော်တို့ တူတူ ကစားနိုင်တယ်ဆိုတာ ကျနော်တို့ သိပါတယ်။တခြားကစားသမားတေ နဲ့လည်း အသင်းထဲမှာ အတူတကွကစားနိုင်ကြတယ်လေ။လူတိုင်းမှာ ပွဲထွက်ကစားဖို့ အရည်အချင်း ရှိတာ ကျနော်တို့ အချင်းချင်းသိကြပါတယ်။ကျနော်တို့ ဒီနေ့ပွဲမှာ တူတူကစားပေမယ့် နောက်တပွဲမှာ တခြား တစ်ယောက်ယောက်နဲ့ တူတူ ကစားရမယ်လေ။ဒါက ပြဿနာမှ မဟုတ်တာ ဘာလို့ဆို ကျနော်တို့ အားလုံးမှာ ကိုယ်ပိုင်အရည်အချင်းတေရှိတယ်။တူတူတကွ ကစားနိုင်ကြတယ်လေ။ပြီးတော့ တယောက်ခြင်းစီတိုင်းက မတူညီကွဲပြားတာတေကို လည်း ဖန်တီးပေးနိုင်ပါတယ်။” လို့ ဖာနန်ဒက်က ပြောသွားခဲ့ပါတယ်
ကဲအားလုံးလဲ ဖရက်နဲ့ မာတစ်ကို ဝိုင်းပြီး ချီးကျူးသွားကြဦးနော်။

#MUFF

ZAWGYI



ဖာနန်ဒက်က



#MUFF

Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ

X