Sport
ကာဗာနီကို ၁၈ ကိုက်စည်းတွင်း ရင်ဆိုင်ဖူးသမျှမှာ အကောင်းဆုံးဟု ချီးကျူးလိုက်တဲ့ မက်ဂွားယား
UNICODE
ကာဗာနီကို ၁၈ ကိုက်စည်းတွင်း ရင်ဆိုင်ဖူးသမျှမှာ အကောင်းဆုံးဟု ချီးကျူးလိုက်တဲ့ မက်ဂွားယား
ယူနိုက်တတ်အသင်းဟာ မနေ့ည ၈:၃၀ ခန့်က ဆောက်သမ်တန်အသင်း ရဲ့ အိမ်ကွင်း စိတ်မေရီကွင်းထဲမှာ ဒရမ်မာဆန်တဲ့ ပွဲတစ်ပွဲကို ဖန်တီးသွားခဲ့ပါတယ်။အဆိုပါပွဲမှာ တိုက်စစ်မှုးဖြစ်သူ ကာဗာနီက‌တော့မင်းသားဖြစ်ခဲ့ပါတယ်။
ယူနိုက်တတ်အသင်း က ၂-၀ နဲ့ ရှုံးနိမ့်နေခဲ့တာ‌ဖြစ်ပြီးဘဒုတိယပိုင်း ကာဗာနီ ၀င်လာချိန်မှာတော့ တိုက်စစ်အစွမ်းပြပီး ၂-၃ ဂိုးဖြင့် အနိုင်ရရှိခဲ့ပါသည်။
အဆိုပါပွဲစဉ်အပြီး မှာတော့မက်ဂွိုင်ယား က တိုက်စစ်မှုးဖြစ်သူ ကာဗာနီကို
” ကာဗာနီက ဂိုးဧရိယာထဲမှာ အရမ်း ကောင်းတဲ့ ကစားသမားတစ်ဦးပါ။ ၁၈ ကိုက်စည်းထဲမှာ သူ ရဲ့လှုပ်ရှားပုံတွေ အင်မတန်ကောင်းမွန်ပြီး ထိပ်တန်းအဆင့်မှာရှိပါတယ် ။ လေ့ကျင့်ရေးကွင်းမှာ ကျနော်ရင်ဆိုင်ခဲ့ဖူးသမျှထဲ သူအကောင်းဆုံးပါ။ ”
” အသင်းအတွက် သူ့ ဆီကရနိုင်တဲ့အရာ နဲ့ အရည်အသွေးတွေကိုကျွန်တော် တို့သိပါတယ်။ အခု ပွဲမှာ သူ့ရဲ့ကန်ချက်တွေက အရမ်းကိုအရေးပါခဲ့ပါတယ်။ အကြောင်းကတော့ သူဟာ တကယ့်ကိုထိပ်သီး တိုက်စစ်မှူးဖြစ်နေလို့ပါ။”
“ကျွန်တော်တို့အသင်းသားတွေကလည်း များစွာသောအခွင့်အရေးတွေကို ဖန်တီးနိုင်ခဲ့ပါတယ်။ ပထမပိုင်းမှာကျွန် တော်တို့ရဲ့လုပ်ဆောင်ချက်တွေကြောင့်ပဲ ကိုယ့်အသင်းကို အခက်တွေ့အောင်လုပ်နေတယ်လို့ပဲ ထင်တယ်။ တကယ့်ရလိုက်ရမယ့် သွင်းဂိုးနှစ်ဂိုးကို ကျွန်တော်တို့က ဆိုးရွားစွာ ဖြုန်းတီးခဲ့တယ်။ ကျွန်တော်တို့ အလုပ်ကို ဆက်ပြီးကြိုးစားရမယ်ဆိုတာကို သိပါတယ်။”
“ပွဲ ကခက်ခဲခဲ့ပါတယ်။ အကြောင်းကတော့ (2-0) နဲ့ရှုံး ထားလို့ပါ။ ဒါပေမယ့် ပွဲချိန်က ကျန်သေးတာမို့ ကျွန် တော်တို့ အသင်း အကောင်းဆုံးစွမ်းဆောင်နိုင်မယ်လို့ လည်းခံစားရပါတယ်။ တစ်ချို့ အပိုင်းမှာကျွန်တော်တို့ တွေ ပြဿနာရှိတုန်းလို့ သိထားပါတယ်။ ပထမပိုင်းမှာ ကျွန်တော်တို့အခွင့်အရေးကောင်းတွေရခဲ့ပါတယ်။ဒီအခွင့်အရေးတွေကိုရယူပြီး ကစားပုံကောင်းမွန်စွာနဲ့သက်သေပြသွားနိုင်လိမ့်မယ်လို့ ကျွန်တော်တို့သိခဲ့ပါတယ်။နှစ်ဂိုးစီသရေကျနေတဲ့အချိန်မှာ တစ်သင်းကတော့ အနိုင်ရတဲ့အသင်းဖြစ်မှာပဲလို့ ခံစားမိခဲ့ပါတယ်”
Crd
#MUFF
ZAWGYI
Crd
#MUFF
Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ
X