Sport

ပရိတ်သတ်တေကို စိတ်မကောင်းဖြစ်စေခဲ့တဲ့ ဗန်ဒီဘီ

UNICODE

ပရိတ်သတ်တေကို စိတ်မကောင်းဖြစ်စေခဲ့တဲ့ ဗန်ဒီဘီ

ဗန်ဒီဘီ ဟာဒီရာသီ နွေရာသီအပြောင်း အရွှေ့မှာ ‌နယ်သာလန်ဘုရင် အေဂျက် အ‌သင်းထံကနေပြီး တော့ ယူနိုက်တတ်အသင်းစီကို ပြောင်းရွှေ့လာခဲ့သူတစ်ဦးဖြစ်ပါတယ်။အဆိုပါကစားသမားလေးဟာယူနိုက်တတ် အသင်းကို ရောက်ရှိပြီး နောက် အစပိုင်းတွင် ပွဲထွက်ခွင် အပြည့်အ၀ မရရှိဘဲ ရုန်းကန်နေခဲ့ရပြီး အသင်း၏ ပရိတ်သတ်များက ပါ ၎င်း ၏ ပွဲထွက် ကစားခွင့် ရမယ့် အချိန်ကို စောင့်မျှော် နေခဲ့ရသည် အထိ ပရိတ်သတ်အချစ် ကို ရရှိထားသူ တစ်ဦးလည်း ဖြစ်ပါသည်။

၎င်း သည် ပီးခဲ့ သည့် ချန်ပီယံလိဂ် ပွဲစဉ် မှာ လည်း ပွဲထွက် ခွင့် ရရှိပြီး ‌နောက် အသင်းသားများသာမက ကစားသမားဟောင်းများ ကပါ ဝိုင်း၀န်းချီးကျူးခဲ့ ကြပြီး ပရိတ်သတ်များ၏ အကြိုက် ကစားသမား လည်း ဖြစ်ခဲ့ပါတယ်။

ယနေ့ည ပွဲစဉ်အပြီး မှာတော့ ယူနိုက်တတ်ပရိတ်သတ်များ အားလုံးဟာ ၎င်းရဲ့ IG ဓါတ်ပုံ တစ်ပုံကြောင့် စိတ်မကောင်းတေ ဖြစ်ခဲ့ရပါတယ်
ဒီနေ့ည ဆောက်သမ်တန် အသင်းနှင့် ပွဲစဉ် မှာ ၎င်းသည် ပွဲချိန်ပြည့် ပါ၀င်ကစားခွင့် ရရှိခဲ့ပြီး ယူနိုက်တတ် အသင်းက ၂ ဂိုးပြတ်နဲ့ ရှုံးနိမ့်နေရာမှ နောက်ဆုံးအချိန်ပို သွင်းဂိုးဖြင့် ၃-၂ ဂိုးဖြင့် အနိုင်ယူ ကာ ပျော်စရာ ပွဲတစ်ပွဲကို ဖန်တီးပေးနိုင်ခဲ့ ပါတယ်။

အဆိုပါပွဲစဉ်အပြီးမှာတော့ ဗန်ဒီဘီ က ၎င်း၏ အင်စတာဂရမ် စတိုရီတွင် ဓါတ်ပုံတစ်ပုံကို တင်ထာခဲ့ပါသည်။အဆိုပါပုံတွင် ဗန်ဒီဘီ၏ ခြေမျက်စိမှာ ရောင်ကိုင်းနေဟန်ပေါ်ပြီး ၎င်း က ” Welcome To thel Premier League” ဟု ရေးသားထားသောကြောင့် ပရိတ်သတ်များမှာ ၎င်းအပေါ် အချစ်တေပို သွားခဲ့ရခြင်း ဖြစ်ပါတယ်။

#MUFF

 

ZAWGYI






#MUFF

Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ

X