Sport

ကာဗာနီ ခြေစွမ်းပြခဲ့တဲ့ ဆောက်သမ်တန် 2 3 ယူနိုက်တတ်ပွဲပြီး သုံးသပ်ချက်

UNICODE

ကာဗာနီခြေစွမ်းပြခဲ့တဲ့ ဆောက်သမ်တန်2_3 ယူနိုက်တတ် ပွဲပြီး သုံးသပ်ချက်

ယနေ့ည ဆောက်သမ်တန်နဲ့ ယူနိုက်တတ်တို့ ပွဲစဉ်ဟာ နဲ့ ပြီးဆုံး သွားခဲ့ ပါတယ်။ အဆိုပါပွဲစဉ်မှာ ယူနိုက်တတ် အသင်းမှ တိုက်စစ်မှူးမာရှယ်ဖျားနာနေတာကြောင့် ပါ၀င်မလာခဲ့ဘဲ တိုက်စစ်ကစားသမားများအဖြစ် ရက်ဖို့နဲ့ ဂရင်းဝုဒ်တို့က အတူတကွ ပွဲထွက်လာကြပါတယ်။သူ့ရဲ့နောက်မှာတော့ ဖာနန်ဒက် ၊ဗန်ဒီဘီ၊ မာတစ်နဲ့ ဖရက်တို့က ကွင်းလယ်ကစားသမားများအဖြစ်ပါ၀င်လာခဲ့ပါသည်။နောက်တန်းမှာတော့ ပုံမှန်အတိုင်း မက်ဂွားယားနဲ့ လင်ဒီလော့တို့ က ပါ၀င်လာခဲ့ပြီး နောက်ခံအစွန်လူများအဖြစ် ဘစ်စာကာနဲ့ တဲလက်တို့ ပါ၀င်လာခဲ့ပါသည်။ယူနိုက်တတ် အသင်းက ၄-၁-၃-၂ ပုံစံနဲ့ တိုက်စစ် အသားပေးပုံစံပွဲထွက်လာခဲ့ပါတယ်။

ဆောက်သမ်တန်အသင်းကလည်း သူတို့အသင်းရဲ့ တိုက်စစ်မှာညချာလီအဒမ်နဲ့ ဝဲကော့်တို့ ကဦးဆောင်လာခဲ့ပြီး ယူနိုက်တတ်ဘက်ကို ဖိအားပေးဖို့ ကြိုးစားလာခဲ့ပါတယ်။ ပထမပိုင်းအတွင်းမှာ‌တော့ နှစ်ဖက် နှစ်သင်းစလုံး ဖိအားပေးပီးမကစားနိုင်ဘဲနဲ့ ဆောက်သမ်တန်အသင်းက မထင်မှတ်ဘဲ ဦးဆောင်ဂိုး ရရှိသွားခဲ့ပါတယ်။အဆိုပါဂိုးကို တော့ထောင့်ကန်ဘောကနေ ခေါင်းတိုက်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ယူနိုက်တတ်အသင်းက ဖိအားပေးမှုတေ မလုပ်နိုင်သေးတဲ့အပြင် ဒုတိယဦးဆောင်ဂိုးကိုလည်း ပစ်ဒဏ်ဘောကနေ တစ်ဆင့် ဆောက်သမ်တန်အသင်းက ဘဲထပ်မံသွင်းယူသွားခဲ့တာ ဘဲဖြစ်ပါတယ်။ ပထမပိုင်းတစ်ပိုင်းလုံးယူနိုက်တတ်ဘက်က တိုက်စစ်ဆင်မှုကောင်းကောင်းတေမပြုလုပ်နိုင်ဘဲ တစ်ဘက်ဂိုးသမားအမှားကနေ အခွင့်အရေး နှစ်‌ကြိမ်လောက်ရပေမယ့် အသုံးချနိုင်ခဲ့ခြင်း မရှိခဲ့ပါဖူး။ရှင်းရှင်းပြောရရင်တော့ ပထမပိုင်းမှာ ယူနိုက်တတ်တို့ ကစားကွင်ကလုံး၀ ပျက်နေခဲ့တာဘဲဖြစ်ပါတယ်။ဒီလိုနဲ့ ပထမပိုင်းကတော့ ၂-၀ နဲ့ ပီးဆုံးသွားခဲ့ပါတယ်။ ဒုတိယပိုင်းအစမှာ‌တော့ ဒဏ်ရာရသွားဟန်ရှိတဲ့ ဒီဂီယာရဲ့နေရာမှာ ဟန်ဒါဆန်၀င်လာခဲ့ပြီး ပထမပိုင်းအပိုင်အခွင့်ရေးတေဖြုန်းတီးခဲ့တဲ့ ဂရင်းဝုဒ်ကိုလည်း ကာဗာနီနဲ့ လူစားလဲခဲ့ပါတယ်။ယူနိုက်တတ်ဘက် က အနည်းငယ် ခပ်စိတ်စိတ် တိုက်စစ်ဆင်လာခဲ့ပြီး ရက်ဖို့ရဲ့ ဂိုးသမားနဲ့ တစ်ယောက်ခြင်းတွေ့တဲ့ အလုံးမှာလည်း အသုံးမချနိုင်ခဲ့ပါဖူး။

ပွဲကစားချိန်မိနစ် ၆၀ မှာတော့ ယူနိုက်တတ်တို့ခြေပဂိုးရရှိခဲ့ပါတယ်။လူစား၀င်လာတဲ့ ကာဗာနီရဲ့ ပေးပို့မှု ကို ဖာနန်ဒက် က အပိုင်ပိတ်သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။မကြာခင်မှာဘဲ ကာဗာနီ ဖာနန်ဒက်အတွဲ ကနေ ကာဗာနီက ခေါင်းတိုက်ပြီး ဒုတိယ ဂိုးကို ထပ်မံ ယူသွားခဲ့ပါတယ်။ဒီပွဲရဲ့ အဆုံးအဖြတ်အနိုင်ဂိုးကို တော့ပွဲပီးအချိန်ပို ၅မိနစ်မှာ ရက်ဖို့ရဲ့ဖြတ်တင်ဘောကို ကာဗာနီကဘဲထပ်မံခေါင်းတိုက်သွင်းယူကာ ယူနိုက်တတ်ရဲ့ ချိုမိန်တဲ့ နိုင်ပွဲကို ရယူပေးသွားခဲ့ပါတယ်။

#MUFF

ZAWGYI






#MUFF

Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ

X