Sport
ယူနိုက်တတ်ပရိတ်သတ်တေ ဂရုဏာသက်စေခဲ့တဲ့ အိန်ဂျယ်ဂိုးမက်စ်ရဲ့ အသင်းပြောင်းရတဲ့ အကြောင်းရင်းအမှန်
UNICODE
ယူနိုက်တတ်ပရိတ်သတ်တေ ဂရုဏာသက်စေခဲ့တဲ့ အိန်ဂျယ်ဂိုးမက်စ်ရဲ့ အသင်းပြောင်းရတဲ့ အကြောင်းရင်းအမှန်
United ပရိတ်သတ်များအားလုံး လူငယ်ကွင်းလယ် ကစားသမားလေး အိန်ဂျယ်ဂိုးမက် ကို သိကြမှာပါ။၎င်းဟာ ယူနိုက်တတ် အသင်းမှ ယခုနှစ်ရာသီတွင် အသင်းမှ ထွက်ခွာသွားခဲ့သူ ဖြစ်ပြီး လိုင်လီ အသင်းသို့ ပြောင်းရွှေ့ကာ လိုင်လီအသင်းမှတစ်ဆင့် ယခုအခါ ပေါ်တူဂီကလပ် Boavista အသင်း၌ အငှားသွားရောက်ကစားနေသူ တစ်ဦးဖြစ်ပါသည်။
Boavista အသင်းမှာ ၎င်းဟာ ၅ ပွဲတွင် ၃ ဂိုးထိ သွင်းယူထားပြီး အသက်(၂၀) ရှိသေးတဲ့ အဆိုပါလူငယ်ကစားသမားဟာ ယူနိုက်တတ်အသင်းရဲ့ လူငယ်ကစားသမားတေကိုပေးအပ်သော ဂျင်မတ်ဖီဆု ကို ရရှိဖူး ကာ ယူနိုက်တတ်အသင်းရဲ့ အသက်အငယ်ဆုံး ပရီးမီးယားလိဂ်ပွဲကစားခွင့် ရရှိသူ အဖြစ်လည်း မှတ်တမ်းမှတ်ရာ တင်ထားနိုင်သူ တစ်ဦးဖြစ်ပါသည်။
Boavista အသင်းမှာ အံ့အားသင့်ဖွယ်ခြေစွမ်းတေ ပြသနေတဲ့ အဆိုပါ လူငယ်ကစားသမား လေး အိန်ဂျယ် ဂိုးမက်စ် က မန်ချက်စတာ ယူနိုက်တတ်နဲ့ ပါတ်သတ်ပြီး အသင်းက ထွက် ခွာသွားရတဲ့ အကြောင်းပြချက်ကိုပြောပြဖွင့်ဟ ၀န်ခံသွားခဲ့ပါသည်။
၎င်းကအင်ဒီပန်းဒန့်နဲ့ အမေးအဖြေတွင် Angel Gomes
က” မန်ချက်စတာ ယူနိုက်တတ်အသင်းကို ထွက်ခွာခဲ့ရတာ အင်မတန်မှ ခက်ခဲကြောင်း၊အဆိုပါ ဆုံးဖြတ်ချက်ကို ခက်ခက်ခဲခဲ ချမှတ်ခဲ့ရကြောင်း ကိုလည်း ၀န်ခံသွားခဲ့ပါတယ်။၎င်းက
ကျနော် က အမြဲတမ်း မန်ချက်စတာယူနိုက်တတ်။ ရဲ့ ပရိတ်သတ်တစ်ယောက်ပါ၊ ကျနော် ယူနိုက်တတ် ပွဲတေကို TV ကနေမလွတ်တမ်း ကြည့်ရှုဖြစ်ပါတယ်။အထူးသဖြင့် ယူ-၁၈ နဲ့ အသင်းကြီး ပွဲတေများပါတယ်။တကယ်တော့ ကျနော်က အသင်းကနေ အစပိုင်းမှာ အငှားထွက်ခွာဖို့သာမျှော်လင့်ခဲ့တာပါ။ကျနော် ဒီမှာနေမယ် ပြီးရင်ဘအငှားထွက်ပြီး ကြိုးစာမယ်ဆိုပြီးတော့ပေါ့။ဒါပေမယ့် ကျနော်တစ်ခု စဉ်းစားမိခဲ့တာက ကျနော့ အတွက် မတူညီတဲ့ ပါတ်၀န်းကျင် မှာ မတူညီတဲ့ လေကိုရှုပြီး မတူညီတဲ့အတွေ့ကြုံ ကို ရှာဖွေမယ် ဆိုပြီးတော့‌ပေါ့။ဒါနဲ့ပဲ ကျနော် အသင်းကနေ ထွက်ခဲ့တာပါ။ ဒါပေမယ့် ကျနော် ဒီမှာ အကောင်းဆုံးကြိုးစားနေပါတယ်။များမကြာမှီတစ်ချိန်မှာ ကျနော် မန်ချက်စတာ မှာ ဘောလူံလာပြန်ကန်နိုင်ဖို့ မျှော်လင့်နေပါတယ်” ဟု ဖွင့်ဟသွားခဲ့ပါတယ်။
#muff
ZAWGYI
#muff
Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ
X