Sport

ကစားသမားတစ်ချို့ လွဲချော်မည်ဖြစ်ကြောင်း ပြောခဲ့တဲ့ ပွဲကြိုသတင်းစာရှင်းလင်းပွဲ

UNICODE

အဓိကကစားသမားတစ်ချို့လွဲချော်မည်ဖြစ်ကြောင်း ပြောပြခဲ့တဲ့ ပွဲကြိုသတင်းစာရှင်းလင်းပွဲကောက်နှုတ်ချက်

ဒဏ်ရာရ ကစားသမားများအကြောင်းအပါအ၀င်
ဆောက်သမ်တန် နှင့် ပွဲမတိုင်ခင် ဆိုလ်းရှားရဲ့ ပြောစကားတစ်ချို့

ဆိုလ်းရှားက ဒဏ်ရာရကစားသမားများနဲ့ ပါတ်သတ်ပြီး”ကွင်းလယ်လူပေါ့ဘာ နှင့် တိုမီနေးတို့ ဟာ ယခုတစ် ပတ်ပွဲစဥ်ကို ပါဝင်ကစားနိုင်ဖို့ မနီးစပ်ကြောင်း၊ ယနေ့ မနက်မှာတော့ ပေါ့ဘာ နဲ့ တိုမီနေးတို့ဟာ အသင်းရဲ့လေ့ကျင့်ခန်းအစီအစဥ်ကိုလာ ရောက်ပူးပေါင်းနိုင်ခြင်းမရှိ‌ကြောင်း။ သူတို့ရဲ့လေ့ကျင့်မှု ကိုက မြက်ခင်းပေါ်မှာ မဟုတ်သေးဘူး။ ကြည့်ရတာ ဒီတစ် ပတ်အတွင်းမှာ ကစားမယ့် ပွဲအတွက် အသင့်မဖြစ်သေး ပုံရတယ် “ဟုဆိုခဲ့ပါတယ်။

ထို့ပြင်ရပ်ရှ်ဖို့ဒ် ၊ ဝမ်ဘစ်ဆာကာ နဲ့ လင်ဒီလော့ဒ်တို့ရဲ့ အခြေ အနေနဲ့ပ့တ်သတ်ပြီးလည်းဆိုလ်းရှားက “ရပ်ရှ်ဖို့ဒ် ၊ ဝမ်ဘစ်ဆာကာ နဲ့ လင်ဒီလော့ဒ်တို့ကတော့ အသင်းအတွက် ပါဝင်ကစားနိုင်မယ်လို့ထင်ပါတယ်။ (100%) တော့မသေချာပါဖူး။လုခ်ကလေ့ကျင့်လို့ရပြီးဆိုပေမယ့်လူစာရင်းမှာ ပါဝင်နိုင်ဖို့မရှိသေး ပါဘူး “ဟုဆိုခဲ့သည်။

ဆောက်သမ်တန်နဲ့ပါတ်သတ်ပြီးလည်း ” နောက်ထပ်ခက်ခဲမယ့် ပွဲတစ်ပွဲပါ။ ပြီးခဲ့တဲ့ ပွဲ (30)(40) လောက်မှာ ကတည်းက သူတို့ရဲ့စွမ်းဆောင်ရည်က တော်တော်လေးကိုထူးခြားခဲ့တာပါ။ တကယ့်တိုးတက်မှု ရှိအောင် လုပ်ခဲ့ကြတယ်။ ဒီအတွက်ကြောင့် ကစားမယ့် ပွဲစဥ်က ဘယ်လောက်အထိ ခက်ခဲနေမယ်ဆိုတာကိုကျွန် တော်တို့သိပါတယ်။ မနှစ်က ဘောလုံးရာသီတုန်းကဆို နှစ်ကြိမ်ကစားခဲ့တဲ့ အချိန် နှစ်ပွဲစလုံးသရေကျခဲ့ပါတယ်။ “၏ုဆိုခဲ့ပါတယ်။

ထို့ပြင်မာရာဒိုနာ၏ သေဆုံးမှုအပေါ်ဝမ်း နည်းမိကြောင်း၊မာရာဒိုနာက ကျွန်တော့်အတွက်တော့ ဘောလုံးလောကမှာ အကောင်းဆုံးကစားသမားတစ်ဦး ဖြစ်ကြောင်း၊သူ့ရဲ့သေဆုံးမှုအတွက် ကျွန်တော့်ဘက်က အင်မတန် မှဝမ်းနည်းမိပါတယ်။ “ဟုဆိုခဲ့သည်။

 

ထို့ပြင် ဖာနန်ဒက်အပေါ်လည်း
” သူက စီရော်နယ်ဒိုလိုပဲ အသင်းကိုအကျိုး ပြုထားပါတယ်။ သူလာတဲ့ အချိန်ကစလို့ အသင်းရဲ့ရလဒ်တွေကိုကြည့်လိုက်ပါ။ အခုဆို သူက ကျွန်တော်တို့ အတွက် အဓိက သော့ချက် ကစားသမားတစ်ဦးဖြစ်နေပါပြီး။
သူ့အတွက် ပွဲတစ်ချို့အနားပေးတာ သူ့အတွက် ကောင်းစေပါ တယ်။ပြီးခဲ့တဲ့ လိုက်ဇစ်နဲ့ ပွဲတုန်းက သူ့ကို အနားပေးထားတာလို့ ကျွန်တော်မပြောလိုပါဘူး။ ”

#MUFF

Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ

X