Sport
ယူနိုက်တတ်ကစားသမား နှစ်ယောက်ကကြောက်ဖို့ကောင်းတယ်လို့ ဆိုလိုက်တဲ့ ဆောက်သမ်တန် နောက်ခံလူ
UNICODE
ယူနိုက်တက်က ကစားသမားနှစ်ယောက် ကကြောက်စရာကောင်းတယ်လို့ ဆောက်သမ်တန်ကစားသမား
Ryan Bertrand က ပြောပြလိုက်ပါတယ်။
ဆောက်သမ်တန်ဟာ ခြေးစွမ်းကောင်းတေပြသနေတဲ့ ယူနိုက်တက်အသင်းနဲ့ လာမယ့် တနင်္ဂနွေနေ့ ၈:၃၀ မှာ ယှဥ်ပြိုင်ကစားသွားရမှာဖြစ်ပါတယ်။
ယခုနှစ်ဘောလုံးရာသီ ပရီးမီးယားလိဂ်မှာ ဆောက်သမ်တန်အသင်းကလည်း ပုံစံကောင်းတွေ ရရှိနေပြီး အဆင့်ငါးနေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။
ယူနိုက်တတ်အသင်းကတော့ နောက်ပိုင်းပွဲစဉ်တေမှာခြေစွမ်းကောင်းတေ ပြသလာပီးတော့ ပရိတ်သတ်တေရဲ့ ဝေဖန်မှုတေအောက်ကနေ ပြန်လည်လွတ်မြောက်လာတာဘဲ ဖြစ်ပါတယ်။
ယူနိုက်တတ် နဲ့ တွေ့ဆုံရမယ့် ပွဲနဲ့ ပါတ်သတ်ပြီး ဆောက်သမ်တမ်ခံစစ်ကစားသမား Bertrand က အသင်းဖော်တွေကို အခုလို သတိပေးသွားခဲ့ပါတယ်။
“မန်ချက်စတာယူနိုက်တက်ဆိုတာ ကစားသမားကောင်းတွေအများကြီးနဲ့ အသင်းကြီးတစ်သင်းပါ။ ဒီပွဲက ကျွန်တော်တို့ကို ခက်ခဲ စေမှာပါ။ သူတို့တွေက အင်အားကောင်းပြီး ခြေစွမ်ကောင်းတေကို ပြသထားပါတယ်။သူတို့က ခြေစွမ်းမှန် နေရာမှန်ကို ရောက်သွားပြီဆိုရင်‌တော့ ပိုပီးအံ့အားသင့်စရာကောင်းတဲ့ရလဒ်တွေ ထွက်ပေါ်လာတတ်ပါတယ်။”
“တန်ပြန်တိုက်စစ်က သူတို့ရဲ့ အသက်သွေးကြောပါ။ သူတို့မှာ ကစားသမားကောင်းတွေရှိပါတယ်။ မားကပ်စ်ရပ်ရှ်ဖို့ဒ်နဲ့ ဘရူနိုဖာနန်ဒက်စ်တို့က ထိပ်တန်းစွမ်းဆောင်ရည် ရရှိနေတဲ့သူတွေပါ။သူတို့ နှစ်ယောက် ကတကယ် ကြောက်စရာကောင်းပါတယ်။ကျနော်တို့ သူတို့ နှစ်ယောက်ကိုဘဲ ထိန်းချုပ်မှာ မဟုတ်ပါဖူး။တစ်သင်းလူံကို ထိန်းချုပ်ဖို့ကြိုးစားသွားမှာပါ” လို့ပြောကြားသွားခဲ့ပါတယ်။
လက်ရှိမှာ ယူနိုက်တတ်ဟာ (၁) ပွဲလျော့ကစား ဆောက်သမ်တန်နဲ့ လေးမှတ်ကွာဟတဲ့ အဆင့် (၁၀) နေရာမှာ ရောက်ရှိနေတာဖြစ်ပါတယ်။
#muff
ZAWGYI
#muff
Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ
X