Sport

ယူနိုက်တတ် ကို သက်သောင့်သက်သာဖြစ်တဲ့လူစာရင်းနဲ့ ရင်ဆိုင်မယ်လို့ PSG နည်းပြ ပြောကြား

ယူနိုက်တတ် ကို သက်သောင့်သက်သာဖြစ်တဲ့လူစာရင်းနဲ့ ယှဉ်မယ်လို့ PSG နည်းပြ ပြောကြား

UNICODE

PSG နည်းပြ ဖြစ်သူ တူချယ်ကတော့ လာမယ့်အပတ် မန်ချက်စတာယူနိုက်တက်နဲ့ ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ်ပွဲစဉ်အတွက် ဘယ်လို ပြင်ဆင်မှုတွေ ပြုလုပ်နေသလဲဆိုတာကို အရိပ်အမြွက်ပြောပြသွားခဲ့ပါတယ်။ လက်ရှိမှာတော့ ချန်ပီယံလိဂ် အုပ်စု H တွင် ယူနိုက်တက်က (၉)မှတ်၊ PSG နဲ့ လိုပ်ဇစ်အသင်းတို့က (6)မှတ်စီနဲ့ အစ္စတန်ဘူလ်အသင်းက ၃ ရမှတ်ရရှိထားပါတယ်။

ဒါကြောင့် အပေါ် (၃)သင်းအဖို့ နောက်တဆင့်တက်ဖို့အမှားမခံပဲ လက်ကျန်ပွဲတွေကို ဂရုတစိုက်ပြင်ဆင်ပြီး ကစားသွားရမှာလည်း ဖြစ်ပါတယ်။ PSG အသင်းဟာ အိမ်ကွင်းမှာ ဧည့်ခံကစားခဲ့တဲ့ ပထမအကျော့ပွဲစဉ်မှာတော့ ယူနိုက်တက်ခံစစ်ပိုင်းကို ထိုးဖောက်ဖို့ ခက်ခဲခဲ့ပြီး (၂-၁)ဖြင့် အရေးနိမ့်ခဲ့ပါတယ်။အခုတော့ PSG နည်းပြက လက်ရှိ ပြင်သစ်လိဂ်ကို အာရုံစိုက်ထားပေမယ့်လည်း အိုးထရက်ဖို့ဒ်မှာ ယှဉ်ပြိုင်မယ့်ပွဲစဉ်ကိုတော့ ပထမအကျော့က အမှားတွေကို သင်ခန်းစာယူပြီး ခံစစ်ပိုင်းကို ဦးစားပေး ပြင်ဆင်သွားမယ်လို့ ဆိုပါတယ်။

တူချယ်က “”အခက်ခဲဆုံး အပိုင်းကတော့ အင်အား ပြည့်ဝတဲ့ ကစားသမား ၁၁ ယောက်ကို ရှာဖွေရတဲ့ အပိုင်းပါပဲ။ အခြားအရေးကြီးတဲ့ အပိုင်းတွေ ရှိပါသေးတယ်။ အခုချိန်မှာတော့ ဘော်ဒိုးနဲ့ ပွဲအတွက် စဉ်းစားနေတုန်းပါပဲ။ အဲဒါပြီးရင်တော့ ယူနိုက်တက်နဲ့ ပွဲအတွက် အစီအစဉ်တွေ ပြင်ဆင်ရတော့မှာပါ။” “ကစားသမားတွေ သက်တောင့် သက်သာနဲ့ အေးအေးဆေ‌ဆေး ဖြစ်နေရင် ကျွန်တော်တို့ ပွဲကောင်းတပွဲကို ကစားနိုင်မှာပါ။ ကျွန်တော်တို့ လိုအပ်တာတွေ အားလုံး လုပ်ပါလိမ့်မယ်။ ကျွန်တော်တို့ ခံစစ်အလုံနဲ့ ကစားနေရရင်တောင်မှ ကျွန်တော်တို့မှာ ကိုယ့်ကိုကိုယ် ယုံကြည်မှုတွေ ရှိနေမှာဖြစ်ပြီး အဲလိုပဲ လုပ်ဆောင်သွားမှာပါ ” ဟု ဆိုခဲ့ပါတယ်။

CRD

#MUFF

ယူနိုက်တတ် ကို သက်သောင့်သက်သာဖြစ်တဲ့လူစာရင်းနဲ့ ယှဉ်မယ်လို့ PSG နည်းပြ ပြောကြား

ZAWGYI

PSG နည္းျပ ျဖစ္သူ တူခ်ယ္ကေတာ့ လာမယ့္အပတ္ မန္ခ်က္စတာယူႏိုက္တက္နဲ႔ ရင္ဆိုင္ရမယ့္ ခ်န္ပီယံလိဂ္ပြဲစဥ္အတြက္ ဘယ္လို ျပင္ဆင္မႈေတြ ျပဳလုပ္ေနသလဲဆိုတာကို အရိပ္အႁမြက္ေျပာျပသြားခဲ့ပါတယ္။ လက္ရွိမွာေတာ့ ခ်န္ပီယံလိဂ္ အုပ္စု H တြင္ ယူႏိုက္တက္က (၉)မွတ္၊ PSG နဲ႔ လိုပ္ဇစ္အသင္းတို႔က (6)မွတ္စီနဲ႔ အစၥတန္ဘူလ္အသင္းက ၃ ရမွတ္ရရွိထားပါတယ္။ ဒါေၾကာင့္ အေပၚ (၃)သင္းအဖို႔ ေနာက္တဆင့္တက္ဖို႔အမွားမခံပဲ လက္က်န္ပြဲေတြကို ဂ႐ုတစိုက္ျပင္ဆင္ၿပီး ကစားသြားရမွာလည္း ျဖစ္ပါတယ္။

PSG အသင္းဟာ အိမ္ကြင္းမွာ ဧည့္ခံကစားခဲ့တဲ့ ပထမအေက်ာ့ပြဲစဥ္မွာေတာ့ ယူႏိုက္တက္ခံစစ္ပိုင္းကို ထိုးေဖာက္ဖို႔ ခက္ခဲခဲ့ၿပီး (၂-၁)ျဖင့္ အေရးနိမ့္ခဲ့ပါတယ္။အခုေတာ့ PSG နည္းျပက လက္ရွိ ျပင္သစ္လိဂ္ကို အာ႐ုံစိုက္ထားေပမယ့္လည္း အိုးထရက္ဖို႔ဒ္မွာ ယွဥ္ၿပိဳင္မယ့္ပြဲစဥ္ကိုေတာ့ ပထမအေက်ာ့က အမွားေတြကို သင္ခန္းစာယူၿပီး ခံစစ္ပိုင္းကို ဦးစားေပး ျပင္ဆင္သြားမယ္လို႔ ဆိုပါတယ္။

တူခ်ယ္က “”အခက္ခဲဆုံး အပိုင္းကေတာ့ အင္အား ျပည့္ဝတဲ့ ကစားသမား ၁၁ ေယာက္ကို ရွာေဖြရတဲ့ အပိုင္းပါပဲ။ အျခားအေရးႀကီးတဲ့ အပိုင္းေတြ ရွိပါေသးတယ္။ အခုခ်ိန္မွာေတာ့ ေဘာ္ဒိုးနဲ႔ ပြဲအတြက္ စဥ္းစားေနတုန္းပါပဲ။ အဲဒါၿပီးရင္ေတာ့ ယူႏိုက္တက္နဲ႔ ပြဲအတြက္ အစီအစဥ္ေတြ ျပင္ဆင္ရေတာ့မွာပါ။”

“ကစားသမားေတြ သက္ေတာင့္ သက္သာနဲ႔ ေအးေအးေဆ‌ေဆး ျဖစ္ေနရင္ ကြၽန္ေတာ္တို႔ ပြဲေကာင္းတပြဲကို ကစားႏိုင္မွာပါ။ ကြၽန္ေတာ္တို႔ လိုအပ္တာေတြ အားလုံး လုပ္ပါလိမ့္မယ္။ ကြၽန္ေတာ္တို႔ ခံစစ္အလုံနဲ႔ ကစားေနရရင္ေတာင္မွ ကြၽန္ေတာ္တို႔မွာ ကိုယ့္ကိုကိုယ္ ယုံၾကည္မႈေတြ ရွိေနမွာျဖစ္ၿပီး အဲလိုပဲ လုပ္ေဆာင္သြားမွာပါ ” ဟု ဆိုခဲ့ပါတယ္။

CRD

#MUFF

Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ

X