Sport
ယူနိုက်တတ် နဲ့ ရာမိုစ့် ရဲ့ အပြောင်း အရွေ့ကို မှတ်ချက်ပြုသွားတဲ့ ဘာဘာတောပ့်
UNICODE
ယူနိုက်တတ် နဲ့ ရာမိုစ့် ရဲ့ အပြောင်း အရွေ့ကို မှတ်ချက် ပြုသွားတဲ့ ဘာဘာတောပ့်
ယူနိုက်တတ် အသင်းရဲ့ တိုက်စစ်မှုးဟောင်းတစ်ဦးဖြစ်သူဘဘာဘာတောပ့်ကတော့ ရီးရဲအသင်းရဲ့ နောက်ခံလူ ရာမို့စ်ကို လာမယ့် နွေရာသီမှာ ယူနိုက်တတ် အသင်းက အရခေါ်ယူနိုင် မယ်လို့ ယုံကြည်နေတာဘဲဖြစ်ပါတယိ။
အသက် ၃၄ နှစိအရွယ် အဆိုပါ နောက်ခံလူဟာ ဒီရာသီ အကုန်မှာ ရီးရဲအသင်းနဲ့ စာချုပ် သက်တမ်း ကုန်ဆုံးမည် ဖြစ်ပြီး အလွတ်ထွက်ခွာခွင့်ရှိနေသူ လည်း ဖြစိပါတယ်။
ရာမို့ဟာ ရီးရဲအသင်းနှင့်အတူ လာလီဂါ ချန်ပီယံ ၅ ကြိမ်၊ချန်ပီယံလိဂ် ဖလား ၄ ကြိမ် အထိ ရယူထားနိုင်သူ လည်း ဖြစ်ပါတယ်။
ကမ္ဘာ့အကောင်းဆုံး နောက်ခံလူအဖြစ်ဘသတ်မှတ်ခံထားရတဲ့ ရာမို့စ်ကို ယူနိုက်တတ် အသင်းက လာမည့် နွေရာသီ မှာ အရခေါ်ယူရန် ဘာဘာတောပ့်က ဆန္ဒရှိနေခြင်းဖြစ်ပါသည်။
အဆိုပါကိစ္စနဲ့ ပါတ်သတ်ပြီး ဘာဘာတောပ့်က ” ၁ နှစ် ဒါမှ မဟုတ် ၂ နှစ်စာချုပ် နဲ့ ကမ်းလှမ်းသင့်ပါတယ်။ သီယာဂိုဆေလ်းဗားဆို အသက် ၃၆ နှစ်ပါ၊ရာမို့က ၃၄ နှစ်လေ။ ပရီးမီးယားလိဂ်ကို ပြောင်းလာဖို့ ဆိုတာ ဘယ်တော့ မှ နောက်ကျ တယ်မရှိပါဖူး။ဆေလ်းဗားလည်း ဒါကို သက်သေပြထားနိုင်တယ်လေ။
ကျနော် ကတော့ ယုံတယ်။ ရာမို့စ် ယူနိုက်တတ် လိုအသင်းမျိုး ကို ပြောင်းလာ ခြင်မယ်ဆိုတာ၊ သူက အခုချိန် အထိ ကမ္ဘာ့ အဆင့်ဖြစ်နေတုန်းပါဘဲ။သူ့စီမှာ ဘောလုံးကစားဖို့ အချိန်တေအများကြီး ရှိပါသေးတယ် လို့ ကျနော်ထင်ပါတယ်”
“သူက ခုချိန်မှာ ရီးရဲမက်ဒရစ် ကစားသမားတစ်ယောက်ပါ။
သူ အဲ့ အသင်းမှာ ဆက်ရှိခြင်လည်း ရှိနေမှာပေါ့။ သူသာထွက်ခွာ ခဲ့မယ် ဆိုရင်တော့ ကျနော် အံ့ဩမိမှာပါ။သူ့ကို အသင်းအများကြီး က စိတ်၀င်စားနေမှာ သေချာပါတယ်။ယူနိုက်တတ် ကို သူပြောင်းလာမယ် လို့ ကျနော် မျှော်လင့်ပါတယ်” လို့ပြောကြားသွားခဲ့ ပါသည်။
ZAWGYI
#MUFF
Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ
X