Uncategorized
ဦးနှောက်ထဲအသင်းအောင်မြင်ဖို့ဘဲ အမြဲစဉ်းစားနေသူ ဆိုပြီး ဖာနန်ဒက်အကြောင်းကို ပြောပြသွားတဲ့ နာနီ
ဦးနှောက်ထဲအသင်းအောင်မြင်ဖို့ ဘဲ အမြဲစဉ်းစားနေသူ ဆိုပြီး ဖာနန်ဒက်အကြောင်းကို ပြောပြသွားတဲ့ နာနီ
မန်ချက်စတာယူနိုက်တတ်အသင်းရဲ့ အချစ်တော်ကစားသမားဟောင်းဖြစ်သူ နာနီ က ယူနိုက်တတ် အသင်းရဲ့ အဓိကကွင်းလယ်လူ ဖာနန်ဒက်နဲ့ ပါတ်သတ်ပြီး သူက ဦးနှောက်ထဲမှာ အသင်းအောင်မြင်ဖို့ပဲ စဥ်းစားလေ့ရှိကြောင်း ဖွင့်ဟ သွားခဲ့ပါတယ်။
နာနီက” ကျွန်တော်သူနဲ့ စပိုတင်လစ္စဘွန်းအသင်းမှာ အတူတူ ကစားခဲ့တုန်းက ဖာနန်ဒက်ဟာ အသင်းမှာရှိကြတဲ့ တစ် ခြား ကစားသမားတွေထက်စာရင်တော်တော်လေး ကောင်းပါတယ်။ဒါပေမယ့် ပေါ်တူဂီကလပ်‌တေက ပရီးမီးယားလိဂ်ကလပ်တေ
နဲ့ မတူဘူး‌လေ။ ပရီးမီးယားလိဂ်က ပေါ်တူဂီ လိဂ်ထက်ပိုပြီး ပြင်းထန်တာ၊ ပိုပြီး အရည်အသွေးတွေရှိပါတယ်။ သူက ပေါ်တူဂီကလပ်မှာလည်း အကောင်း ဆုံးစွမ်းဆောင်ခဲ့တယ်လေ။
သူ့ဆီကနေ အလားအလာကောင်းများစွာကို ကျွန်တော်မြင်တွေ့ဖူးပြီးပါပြီး။ အကယ်လို့သူ တစ်ခြားလိဂ်မှာ ပြောင်းကစားမယ်လို့စိတ်ကူးရှိရင် ပရီးမီးယားလိဂ်ဆီပြောင်းလို့ ကျွန်တော်အကြံပေးခဲ့ ပါတယ်။ အင်္ဂလန်မှာ ကစားရင် ပရိသတ်တွေက မင်းအပေါ် ရူးရူးသွပ်သွပ်အားပေးကြလိမ့်မယ်လို့တောင် ပြောခဲ့ဖူးတယ်။ ပရိသတ်တွေက ဖာနန်ဒက်ရဲ့ ကစားပုံ ကို နှစ်သက်ကြပါတယ်။
ပြီးတော့ ဖာနန်ဒက်က ပြိုင်ဘက်တွေအတွက် အန္တရယ်ကောင်း ကောင်းပေးနိုင်တဲ့ ကစားသမားမျိုးပါ။ နောက်ပြီး ပွဲကစားလို့ ကျလာတဲ့ဖိအားတွေကို သူ့ပုခုံပေါ်မှာ အမြဲ တမ်းတာဝန်ယူတက်တဲ့ ကစားသမားမျိုးပါ။ အမှားအယွင်းတွေရဲ့အကြောင်းကို သူသိပ်ပြီး မစဥ်းစားဘူး။သူ့ရဲ့ဦးနှောက်မှာအမြဲတမ်းစဥ်းစားဖြစ်တဲ့အရာက အသင်း အောင်မြင်မှုရအောင်လုပ်ပေးဖို့ပဲ ဖြစ်တယ်။
လွန်ခဲ့တဲ့နှစ်တွေများစွာတုန်းက ယူနိုက်တက်အသင်းမှာ ကြီးမားတဲ့အောင်မြင်မှုတွေရှိခဲ့တာမို့ ကစားသမားတိုင်း နီးပါးက သူတို့အသင်းမှာကစားဖို့စိတ်ဝင်စားကြပါ တယ်။ သူတို့အသင်းမှာကစားတဲ့ ကစားသမားတိုင်း ဂိုး သမားကစပြီး တိုက်စစ်မှူးအထိ ဖိအားကိုယ်စီရှိတက်ကြ ပါတယ်။ ဖာနန်ဒက်က တော့ အသင်းအတွက်တော်တော် လေးကိုကောင်းအောင်စွမ်းဆောင်ထားပါတယ်။ ဒါပေမယ့် ဖာနန်ဒက်ဆီမှာတိုးတက်မှုတွေ ဆက်ရှိနေလိမ့်မယ်။”
#MUFF
Crd
ZAWGYI
#MUFF
Crd
Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ
X