Uncategorized

ဖာနန်ဒက်ရဲ့ ပေါလ်စခိုလ်းကို မယှဉ်နိုင်သေးတဲ့ အချက်ကို ထောက်ပြသွားတဲ့ ဘာဘာတောပ့်

UNICODE

ဖာနန်ဒက်ရဲ့ ပေါလ်စခိုလ်းကို မယှဉ်နိုင်တဲ့ အချက်ကို ထောက်ပြသွားတဲ့ ဘာဘာတောပ့်

မန်ယူနိုက်တက်တိုက်စစ်မှူးဟောင်းကြီး ဒီမီတာဘာဘာတော့ဗ်ကတော့ ကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက်စ်ဟာ ဂန္ထဝင်ကြီး ပေါလ်စခိုးစ်ကို စွမ်းဆောင်ရည်တွေ ပြသနေပေမဲ့လည်း ခံစစ်ကို ကူနိုင်မှုမှာ ပိုမိုကောင်းမွန်ဖို့ လိုအပ်သေးပြီး ဒီအားနည်းချက်ကိုသာ ပြုပြင်နိုင်ခဲ့မယ်ဆိုရင်တော့ ပြီးပြည့်စုံသွားလိမ့်မယ်လို့ အကြံပြု သုံးသပ်သွားခဲ့ပါတယ်။

စပို့တင်းလစ္စဘွန်းအသင်းကနေ ဒီနှစ်ဇန်နဝါရီလမှာ မန်ယူနိုက်တက်အသင်းဆီ ရောက်ရှိလာခဲ့ပြီးနောက် ပေါ်တူဂီသားဟာ စွမ်းဆောင်ရည်ကောင်းတွေ ပြသနေတာဖြစ်ပြီး အချိန်တိုတစ်ခုအတွင်းမှာပင် သရဲနီတို့ရဲ့ အရေးပါတဲ့ ကစားသမားတစ်ဦးအဖြစ် ရောက်ရှိလာခဲ့ပါတယ်။ ကွင်းလယ်နဲ့ တိုက်စစ်အတွက် ဖာနန်ဒက်စ်ရဲ့ သွင်းဂိုးတွေနဲ့ ဖန်တီးမှုတွေက မန်ယူနိုက်တက်အတွက် အခရာကျလာခဲ့တာလည်း ဖြစ်ပါတယ်။

တူရကီကလပ် ဘာဆာဆီဟီရာအသင်းနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာဆိုရင်လည်း ဖာနန်ဒက်စ်ဟာ အဖွင့်ဂိုးကို လှလှပပသွင်းယူနိုင်ခဲ့ကာ ခြေစွမ်းကောင်းတွေ ဆက်လက်ပြသနိုင်ခဲ့ပြီး ၄-၁ ဂိုးနဲ့ နိုင်ပွဲရရှိစေခဲ့ကာ ပီအက်စ်ဂျီ၊ လိုက်ပ်ဇစ်တို့လို ကလပ်အသင်းတွေ ပါဝင်နေတဲ့ အုပ်စုကနေ မန်ယူနိုက်တက်အသင်းကို နောက်တစ်ဆင့် တက်လှမ်းနိုင်ဖို့ရာ အခြေအနေကောင်းသွားစေခဲ့ပါတယ်။

“ဒီနိုင်ပွဲမှာ အဖွင့်ဂိုးကတော့ တကယ်ကိုပဲ လက်ဖျားခါရလောက်အောင် ကောင်းလွန်းပါတယ်။ ကျွန်တော် ပြောပြမယ်။ ဒီလိုဂိုးမျိုး သွင်းယူနိုင်ဖို့အတွက် နည်းစနစ်ပိုင်းအရ အရမ်းခက်ခဲပါတယ်။ ဧရိယာပြင်ဘက်ကနေ ကန်သွင်းတဲ့ ဒီလိုကန်ချက်မျိုးတွေ ပြုလုပ်နိုင်တဲ့ ကစားသမားမျိုးက သိပ်မရှိပါဘူး။ ကျွန်တော်ဖြင့် သိပ်တောင် မတွေ့ဖူးပါဘူး။”

“ဒါကို ဖာနန်ဒက်စ်က လုပ်ပြသွားနိုင်ခဲ့တယ်။ စခိုးစ်လို အရည်အသွေးမျိုး ပြသနိုင်ခဲ့တယ်လို့ ပြောရပါမယ်။ အားလုံးအနေနဲ့လည်း ဒီလိုပုံစံဟာ ပေါလ်စခိုးစ် သွင်းယူနေကြဆိုတာကို ရင်းနှီးမိကြမှာပါ။ ဘောလုံးက ကိုယ့်ရှေ့ကို ကျလာတဲ့အချိန်မှာ အမိအရပဲ ကန်သွင်းလိုက်တယ်။ ဆယ်ပြားစေ့ထောင့်ထဲကို ကွက်ထိပဲ ပြေးဝင်သွားတယ်။ တကယ်ကိုပဲ ပြီးပြည့်စုံတဲ့ အဆုံးသတ်တစ်ခုပါပဲ။”

ဘာဘာတော့ဗ်က “ဖာနန်ဒက်စ်ဟာ ကျွန်တော့်ကို တကယ်ကိုပဲ သဘောကျရလောက်တဲ့အထိ စွမ်းဆောင်နေနိုင်သူ ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့တော့ သူ့ရဲ့ တစ်ခုတည်းသော အားနည်းချက်ဟာ ခံစစ်ကို ကူနိုင်မှု နည်းပါးခြင်းလို့ပဲ မြင်ပါတယ်။ အဲဒီအပိုင်းမှာတော့ သူ ဒီထက်ပိုကောင်းအောင် ကစားပြနိုင်ဖို့ လိုအပ်နေပါသေးတယ်။”

“သူဟာ ကွင်းလယ်တိုက်စစ်ကစားသမားတစ်ဦး ဖြစ်တယ်။ အခွင့်အရေးတွေ ဖန်တီးနိုင်တယ်။ ဂိုးတွေ သွင်းနိုင်တယ်။ ပြိုင်ဘက်ကွင်းဘက်ခြမ်းဟာ သူ့အတွက် အကောင်းဆုံးဖြစ်စေတဲ့နေရာတစ်ခုပါ။ ဒါကြောင့်ပဲ သူ့နောက်ကနေ အသင်းရံကစားပေးနိုင်တဲ့၊ ကာဗာလုပ်ပေးနိုင်တဲ့ ကစားသမားတွေ ရှိနေတာဟာ ကောင်းတယ်လို့ ကျွန်တော် မြင်တာပါပဲ။”

“ကျန်ကစားသမားတွေက ဖာနန်ဒက်စ်ရဲ့ ခံစစ်ကူနိုင်မှု အားနည်းတာကို ဖြည့်ဆည်းပေးနိုင်ကြပါတယ်။ ဖာနန်ဒက်စ်ဟာ နည်းပြလိုချင်တဲ့ပုံစံအတိုင်းပဲ ကစားပြနေနိုင်ပါတယ်။ ဇန်နဝါရီလမှာ အိုးထရက်ဖို့ဒ်ကို စရောက်ပြီးကတည်းက လက်ရှိအချိန်အထိဆိုရင် သွင်းဂိုး ၂၀ လောက် သွင်းယူထားနိုင်တယ်။ လူတွေထင်ထားတာထက် ဂိုးတွေ ပိုသွင်းထားနိုင်တာ ဖြစ်ပါတယ်။”

“ပေးပို့မှုတွေ၊ သွင်းဂိုးတွေဟာ သူ့ရဲ့ အစွမ်းထက်ဆုံး လက်နက်တွေပဲ ဖြစ်ပါတယ်။ ကလပ်အသင်းလိုအပ်လာချိန်တိုင်းမှာ သူ့ရဲ့ ဖန်တီးမှုတွေနဲ့ သွင်းဂိုးတွေဟာ အလိုလိုပဲ ထွက်လာပါတယ်။ သူ လုပ်ဖို့ လိုအပ်တာမှန်သမျှကို အကောင်းဆုံး စွမ်းဆောင်နေနိုင်တာကြောင့်လည်း ဒီလိုကစားပုံမျိုးကို ပြသနေတာပဲ ဖြစ်ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။

Ref Goal
Crd
#MUFF

 

ZAWGYI

ဖာနန္ဒက္ရဲ႕ ေပါလ္စခိုလ္းကို မယွဥ္ႏိုင္တဲ့ အခ်က္ကို ေထာက္ျပသြားတဲ့ ဘာဘာေတာပ့္

မန္ယူႏိုက္တက္တိုက္စစ္မႉးေဟာင္းႀကီး ဒီမီတာဘာဘာေတာ့ဗ္ကေတာ့ ကြင္းလယ္ကစားသမား ဘ႐ူႏိုဖာနန္ဒက္စ္ဟာ ဂႏၴဝင္ႀကီး ေပါလ္စခိုးစ္ကို စြမ္းေဆာင္ရည္ေတြ ျပသေနေပမဲ့လည္း ခံစစ္ကို ကူႏိုင္မႈမွာ ပိုမိုေကာင္းမြန္ဖို႔ လိုအပ္ေသးၿပီး ဒီအားနည္းခ်က္ကိုသာ ျပဳျပင္ႏိုင္ခဲ့မယ္ဆိုရင္ေတာ့ ၿပီးျပည့္စုံသြားလိမ့္မယ္လို႔ အႀကံျပဳ သုံးသပ္သြားခဲ့ပါတယ္။

စပို႔တင္းလစၥဘြန္းအသင္းကေန ဒီႏွစ္ဇန္နဝါရီလမွာ မန္ယူႏိုက္တက္အသင္းဆီ ေရာက္ရွိလာခဲ့ၿပီးေနာက္ ေပၚတူဂီသားဟာ စြမ္းေဆာင္ရည္ေကာင္းေတြ ျပသေနတာျဖစ္ၿပီး အခ်ိန္တိုတစ္ခုအတြင္းမွာပင္ သရဲနီတို႔ရဲ႕ အေရးပါတဲ့ ကစားသမားတစ္ဦးအျဖစ္ ေရာက္ရွိလာခဲ့ပါတယ္။ ကြင္းလယ္နဲ႔ တိုက္စစ္အတြက္ ဖာနန္ဒက္စ္ရဲ႕ သြင္းဂိုးေတြနဲ႔ ဖန္တီးမႈေတြက မန္ယူႏိုက္တက္အတြက္ အခရာက်လာခဲ့တာလည္း ျဖစ္ပါတယ္။

တူရကီကလပ္ ဘာဆာဆီဟီရာအသင္းနဲ႔ ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ပြဲစဥ္မွာဆိုရင္လည္း ဖာနန္ဒက္စ္ဟာ အဖြင့္ဂိုးကို လွလွပပသြင္းယူႏိုင္ခဲ့ကာ ေျခစြမ္းေကာင္းေတြ ဆက္လက္ျပသႏိုင္ခဲ့ၿပီး ၄-၁ ဂိုးနဲ႔ ႏိုင္ပြဲရရွိေစခဲ့ကာ ပီအက္စ္ဂ်ီ၊ လိုက္ပ္ဇစ္တို႔လို ကလပ္အသင္းေတြ ပါဝင္ေနတဲ့ အုပ္စုကေန မန္ယူႏိုက္တက္အသင္းကို ေနာက္တစ္ဆင့္ တက္လွမ္းႏိုင္ဖို႔ရာ အေျခအေနေကာင္းသြားေစခဲ့ပါတယ္။

“ဒီႏိုင္ပြဲမွာ အဖြင့္ဂိုးကေတာ့ တကယ္ကိုပဲ လက္ဖ်ားခါရေလာက္ေအာင္ ေကာင္းလြန္းပါတယ္။ ကြၽန္ေတာ္ ေျပာျပမယ္။ ဒီလိုဂိုးမ်ိဳး သြင္းယူႏိုင္ဖို႔အတြက္ နည္းစနစ္ပိုင္းအရ အရမ္းခက္ခဲပါတယ္။ ဧရိယာျပင္ဘက္ကေန ကန္သြင္းတဲ့ ဒီလိုကန္ခ်က္မ်ိဳးေတြ ျပဳလုပ္ႏိုင္တဲ့ ကစားသမားမ်ိဳးက သိပ္မရွိပါဘူး။ ကြၽန္ေတာ္ျဖင့္ သိပ္ေတာင္ မေတြ႕ဖူးပါဘူး။”

“ဒါကို ဖာနန္ဒက္စ္က လုပ္ျပသြားႏိုင္ခဲ့တယ္။ စခိုးစ္လို အရည္အေသြးမ်ိဳး ျပသႏိုင္ခဲ့တယ္လို႔ ေျပာရပါမယ္။ အားလုံးအေနနဲ႔လည္း ဒီလိုပုံစံဟာ ေပါလ္စခိုးစ္ သြင္းယူေနၾကဆိုတာကို ရင္းႏွီးမိၾကမွာပါ။ ေဘာလုံးက ကိုယ့္ေရွ႕ကို က်လာတဲ့အခ်ိန္မွာ အမိအရပဲ ကန္သြင္းလိုက္တယ္။ ဆယ္ျပားေစ့ေထာင့္ထဲကို ကြက္ထိပဲ ေျပးဝင္သြားတယ္။ တကယ္ကိုပဲ ၿပီးျပည့္စုံတဲ့ အဆုံးသတ္တစ္ခုပါပဲ။”

ဘာဘာေတာ့ဗ္က “ဖာနန္ဒက္စ္ဟာ ကြၽန္ေတာ့္ကို တကယ္ကိုပဲ သေဘာက်ရေလာက္တဲ့အထိ စြမ္းေဆာင္ေနႏိုင္သူ ျဖစ္ပါတယ္။ ကြၽန္ေတာ့္အေနနဲ႔ေတာ့ သူ႔ရဲ႕ တစ္ခုတည္းေသာ အားနည္းခ်က္ဟာ ခံစစ္ကို ကူႏိုင္မႈ နည္းပါးျခင္းလို႔ပဲ ျမင္ပါတယ္။ အဲဒီအပိုင္းမွာေတာ့ သူ ဒီထက္ပိုေကာင္းေအာင္ ကစားျပႏိုင္ဖို႔ လိုအပ္ေနပါေသးတယ္။”

“သူဟာ ကြင္းလယ္တိုက္စစ္ကစားသမားတစ္ဦး ျဖစ္တယ္။ အခြင့္အေရးေတြ ဖန္တီးႏိုင္တယ္။ ဂိုးေတြ သြင္းႏိုင္တယ္။ ၿပိဳင္ဘက္ကြင္းဘက္ျခမ္းဟာ သူ႔အတြက္ အေကာင္းဆုံးျဖစ္ေစတဲ့ေနရာတစ္ခုပါ။ ဒါေၾကာင့္ပဲ သူ႔ေနာက္ကေန အသင္းရံကစားေပးႏိုင္တဲ့၊ ကာဗာလုပ္ေပးႏိုင္တဲ့ ကစားသမားေတြ ရွိေနတာဟာ ေကာင္းတယ္လို႔ ကြၽန္ေတာ္ ျမင္တာပါပဲ။”

“က်န္ကစားသမားေတြက ဖာနန္ဒက္စ္ရဲ႕ ခံစစ္ကူႏိုင္မႈ အားနည္းတာကို ျဖည့္ဆည္းေပးႏိုင္ၾကပါတယ္။ ဖာနန္ဒက္စ္ဟာ နည္းျပလိုခ်င္တဲ့ပုံစံအတိုင္းပဲ ကစားျပေနႏိုင္ပါတယ္။ ဇန္နဝါရီလမွာ အိုးထရက္ဖို႔ဒ္ကို စေရာက္ၿပီးကတည္းက လက္ရွိအခ်ိန္အထိဆိုရင္ သြင္းဂိုး ၂၀ ေလာက္ သြင္းယူထားႏိုင္တယ္။ လူေတြထင္ထားတာထက္ ဂိုးေတြ ပိုသြင္းထားႏိုင္တာ ျဖစ္ပါတယ္။”

“ေပးပို႔မႈေတြ၊ သြင္းဂိုးေတြဟာ သူ႔ရဲ႕ အစြမ္းထက္ဆုံး လက္နက္ေတြပဲ ျဖစ္ပါတယ္။ ကလပ္အသင္းလိုအပ္လာခ်ိန္တိုင္းမွာ သူ႔ရဲ႕ ဖန္တီးမႈေတြနဲ႔ သြင္းဂိုးေတြဟာ အလိုလိုပဲ ထြက္လာပါတယ္။ သူ လုပ္ဖို႔ လိုအပ္တာမွန္သမွ်ကို အေကာင္းဆုံး စြမ္းေဆာင္ေနႏိုင္တာေၾကာင့္လည္း ဒီလိုကစားပုံမ်ိဳးကို ျပသေနတာပဲ ျဖစ္ပါတယ္။” လို႔ ေျပာၾကားခဲ့ပါတယ္။

Ref Goal
Crd
#MUFF

Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ

X