Sport

ပေါ်တူဂီဗန်ဒိုက်လို့ နမည်ကြီးနေတဲ့ နောက်ခံလူကို ခေါ်ယူဖို့ စီစဉ်နေတဲ့ ယူနိုက်တတ်

UNICODE

ပေါ်တူဂီဗန်ဒိုက်လို့ နမည်ကြီးနေတဲ့ နောက်ခံလူကို ခေါ်ယူဖို့ စီစဉ်နေတဲ့ ယူနိုက်တတ်

David Carmo ဆိုတဲ့ အဆိုပါ အသက် (၂၁) နှစ်အရွယ်ချာတိတ် ကစားသမား လေးဟာ ပြီးခဲ့ တဲ့ ဇန်နဝါရီ မှ Braga ကလပ်အသင်းရဲ့ ပထမအသင်းကြီးကို ရောက်ရှိလာခဲ့ ပြီး အထင်ကြီးစရာ ခြေ‌
စွမ်း များပြသနိုင်မှု ကြောင့် ဥရော ပ ကလပ် အသင်းတော်တော် များများ ရဲ့ စိတ်၀င် စားခြင်းကို ခံနေရသူဖြစ်ပါတယ်။

ဒီဘက်ခေါတ်မှာနောက်ခံလူတေရဲ့ တန်ကြေးဟာ တစ်ချိန်က ရှေ့တန်းလူတေရဲ့ တန်ကြေးနီးပါးပေးပြီး ၀ယ်လာရတာကို တွေ့ရပြီး ပြောင်းရွေ့ကြေးတန်ဖိုးတေကလည်း မြင့်မားလာကြပါတယ်။ဒါကြောင့်မို့ လို့ ကလပ်အသင်းတော်တော်များများဟာ အလားလာ ရှိတဲ့ လူငယ် နောက်ခံလူတေ ကို ချိတ်ဆက် လာကြတာ ကိုတွေ့ရပါတယ်။

 

အဆိုပါ အသက် (၂၁) နှစ်အရွယ် ကစားသမားဟာ အရပ် ၆ပေ ၅ လက်မထိ ရှိပြီး အမြင့်ဘောတေကို ပိုင်နိုင်မှု နဲ့ သူ့ရဲ့ တည်ငြိမ်မှုတေကြောင့် နယ်သာလန်နောက်ခံလူ ဗန်ဒိုက်နဲ့ နှိုင်းယှဉ်ခံနေရသူ တစ်ဦးလည်း ဖြစ်ပါတယ်။
သို့ပေမယ် Carmo က
” မိမိမှာ ဥပမာတစ်ခု အဖြစ် မသတ်မှတ်ထားကြောင်း၊ နှိုင်းယှဉ်ခံရတာ ကို မနှစ်သက်ကြောင်း ဆိုထားပါတယ်”

ဆွမ်ဆီးအသင်းရဲ့ နည်းပြဟောင်း ကာဗာဟယ် ကတော့ အဆိုပါ David Carmo နဲ့ ပါတ်သတ်ပြီး


” သူကကျနော် ကို့ သိပ်ပြီး အံ့ဩစေတဲ့ စကားသမားပါ။
သူ့မှာ အရည်အချင်းဘယ်လောက်တောင်ရှိလဲဆိုတာ အပြင်ပန်းက ကြည့်နေရုံနဲ့ ကျနော် မသိနိုင်ပါဖူး။ဆုံးဖြတ်ချက်လျင်မြန်စွာချရာမှာ ကောင်းမွန်တဲ့ ကစားသမားပါလို့” ဟုပြောဆိုထားခဲ့ပါတယ်။

ရိုးမားအသင်းက လည်း ၎င်းအား ပီးခဲ့သည့် အပြောင်းအရွေ့က ယူနိုက်တတ် နောက်ခံလူ စမောလင်းအား ခေ့်ယူရန် မရရှိပါက နောက်ထပ် ပစ်မှတ်တစ်ခု အဖြစ် သတ်မှတ်ထားခဲ့ တာဘဲဖြစ်ပါတယ်။

ကစားသမားရဲ့ စာချုပ်ပါ ပြောင်းရွှေ့ကြေးမှာ ယူရို (၃၀) ၀န်းကျင်သာ ရှိသည်ဟုသိရပါသည်။

၎င်းကို ယူနိုက်တတ် အသင်းအပါအ၀င် ဥရောပကလပ်အသင်း‌တော်တော်များများက စောင့်ကြည့်နေကြပြီး လာမယ့် အပြောင်းအရွှေ့မှာ ‌အပြောင်းအရွှေ့သတင်းများ ကြားသိရနိင်ပါတယ်။

REF GOAL

 

ZAWGYI




သို့ပေမယ် Carmo က





REF GOAL

Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ

X