Sport

ယူနိုက်တတ် ကို ယှဉ်ဖို့ ဆိုကြိုးစားဦးလို့ လီဗာပူးကို သတိပေးလိုက်တဲ့ အီဗရာ

ယူနိုက်တတ် ကို ယှဉ်ဖို့ ကြိုးစားဦးလို့ လီဗာပူးကို သတိပေးလိုက်တဲ့ အီဗရာ

မန်ချက်စတာယူနိုက်တက် အသင်းရဲ့ ဂန္တာဝင်ကစားသမား ဘယ်နောက်ခံလူ အီဗရာကတော့ လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဒ် ချန်ပီယံ (3) ကြိမ်ဆက်တိုက်ရမှသာ ယူနိုက်တက်ကို လာယှဥ်လို့ရတယ်လို့ပြောခဲ့ပါတယ်။

ကလော့ဒ်ဦးဆောင်တဲ့ လီဗာပူးလ်အသင်းကတော့ မနေ့ညက အိမ်ကွင်းမှာ လက်စတာအသင်းကို (3)ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့ပါတယ်။ရရှိခဲ့တဲ့ ဂိုးတွေကိုတော့ ဖာမီနို ၊ဂျိုတာတို့ကသွင်းယူခဲ့ပြီး ကျန်တဲ့ တစ်ဂိုးဟာ လက်စတာအသင်းရဲ့နောက်ခံလူ ဂျွန်နီအီဗင်ရဲ့ OG ဂိုးပဲဖြစ်ပါတယ်။

အဆိုပါ နိုင်ပွဲပြီးမှာတော့ လီဗာပူးလ်အသင်းက အိမ်ကွင်းမှာ (64)ပွဲဆက် ရှုံးပွဲမရှိသေးဘူးဆိုတဲ့ စံချိန်ကို ချိုးဖြတ်နိုင်ခဲ့တာပါ။ဒါကြောင့် လီဗာပူးလ်အသင်းဟာ ချန်ပီယံဖြစ်မယ်လို့ ရေပန်းစားနေခဲ့တာဖြစ်ပါတယ်။ထိုအကြောင်းအရာနဲ့ ပတ်သတ်ပြီး ကစားသမားဟောင်း အီဗာရာက Skysportရဲ့ အစီစဥ်တင်ဆက်မှုမှာ ယခုလို သုံးသပ်ခဲ့ပါပါ။

“အခုမှ ရာသီစတာ (9) ပွဲပဲ ရှိသေးပါဗျာ၊ သူတို့ဖလားရဖို့ဆိုတာအတွက် ပြောဖို့ စောလွန်း နေမှာပါ။လီဗာပူးလ်အသင်းက အမှတ်ပေး ချန်ပီယံ ဆုကို (3) နှစ်ဆက်တိုက် ရလာခဲ့ရင်တော့ အကောင်းတကာ့ အကောင်းဆုံးလို့ ခေါ်ကြ တာပေ့ါ။အခုတော့ စိတ်အေးအေး ထားကျပါအုံးဗျ။

ယာဂင် ကလော့ ရဲ့ လီဗာပူး ဟာ တကယ့် အသင်းကောင်း တစ်သင်းပါ။ ဒါပေမယ့် အကောင်းဆုံး ဖြစ်ဖို့ ဆိုရင်တော့ သူတို့ အကောင်းဆုံး တွေနဲ့ ယှဉ်ဖို့ လိုပါတယ်။သမိုင်း မှတ်တမ်း ရေးထိုး နိုင်ခဲ့တဲ့ အကောင်းဆုံး အသင်းတွေပါ။အခု သူတို့ကို အကောင်းတကာ့ အကောင်းဆုံးလို့ ခေါ်လို့ မရနိုင်သေးပါဘူး။

အမှတ်ပေး ချန်ပီယံဆုကတော့ အသင်း အတော် များများ ရဖူး ကြတာပါပဲ။ဒါပေမယ့် ဆက်တိုက် ရဖို့တော့ မလွယ်ပါဘူး။(3)နှစ် ဆက်တိုက် ဆိုရင် ပိုလို့တောင် မလွယ်တာပါ။သူတို့ ဒါကို လုပ်နိုင်ရင်တော့ ကျွန်တော် ချီးကျုးပေးရမှာပါပဲ”လို့ အီဗရာက ပြောဆိုသွားခဲ့ပါတယ်။

Crd

ယူႏိုက္တတ္ ကို ယွဥ္ဖို႔ ႀကိဳးစားဦးလို႔ လီဗာပူးကို သတိေပးလိုက္တဲ့ အီဗရာ

မန္ခ်က္စတာယူႏိုက္တက္ အသင္းရဲ႕ ဂႏၲာဝင္ကစားသမား ဘယ္ေနာက္ခံလူ အီဗရာကေတာ့ လီဗာပူးလ္အသင္းဟာ ပရီးမီးယားလိဒ္ ခ်န္ပီယံ (3) ႀကိမ္ဆက္တိုက္ရမွသာ ယူႏိုက္တက္ကို လာယွဥ္လို႔ရတယ္လို႔ေျပာခဲ့ပါတယ္။

ကေလာ့ဒ္ဦးေဆာင္တဲ့ လီဗာပူးလ္အသင္းကေတာ့ မေန႔ညက အိမ္ကြင္းမွာ လက္စတာအသင္းကို (3)ဂိုးျပတ္ျဖင့္ အႏိုင္ရရွိခဲ့ပါတယ္။ရရွိခဲ့တဲ့ ဂိုးေတြကိုေတာ့ ဖာမီႏို ၊ဂ်ိဳတာတို႔ကသြင္းယူခဲ့ၿပီး က်န္တဲ့ တစ္ဂိုးဟာ လက္စတာအသင္းရဲ႕ေနာက္ခံလူ ဂြၽန္နီအီဗင္ရဲ႕ OG ဂိုးပဲျဖစ္ပါတယ္။

အဆိုပါ ႏိုင္ပြဲၿပီးမွာေတာ့ လီဗာပူးလ္အသင္းက အိမ္ကြင္းမွာ (64)ပြဲဆက္ ရႈံးပြဲမရွိေသးဘူးဆိုတဲ့ စံခ်ိန္ကို ခ်ိဳးျဖတ္ႏိုင္ခဲ့တာပါ။ဒါေၾကာင့္ လီဗာပူးလ္အသင္းဟာ ခ်န္ပီယံျဖစ္မယ္လို႔ ေရပန္းစားေနခဲ့တာျဖစ္ပါတယ္။ထိုအေၾကာင္းအရာနဲ႔ ပတ္သတ္ၿပီး ကစားသမားေဟာင္း အီဗာရာက Skysportရဲ႕ အစီစဥ္တင္ဆက္မႈမွာ ယခုလို သုံးသပ္ခဲ့ပါပါ။

“အခုမွ ရာသီစတာ (9) ပြဲပဲ ရွိေသးပါဗ်ာ၊ သူတို႔ဖလားရဖို႔ဆိုတာအတြက္ ေျပာဖို႔ ေစာလြန္း ေနမွာပါ။လီဗာပူးလ္အသင္းက အမွတ္ေပး ခ်န္ပီယံ ဆုကို (3) ႏွစ္ဆက္တိုက္ ရလာခဲ့ရင္ေတာ့ အေကာင္းတကာ့ အေကာင္းဆုံးလို႔ ေခၚၾက တာေပ့ါ။အခုေတာ့ စိတ္ေအးေအး ထားက်ပါအုံးဗ်။

ယာဂင္ ကေလာ့ ရဲ႕ လီဗာပူး ဟာ တကယ့္ အသင္းေကာင္း တစ္သင္းပါ။ ဒါေပမယ့္ အေကာင္းဆုံး ျဖစ္ဖို႔ ဆိုရင္ေတာ့ သူတို႔ အေကာင္းဆုံး ေတြနဲ႔ ယွဥ္ဖို႔ လိုပါတယ္။သမိုင္း မွတ္တမ္း ေရးထိုး ႏိုင္ခဲ့တဲ့ အေကာင္းဆုံး အသင္းေတြပါ။အခု သူတို႔ကို အေကာင္းတကာ့ အေကာင္းဆုံးလို႔ ေခၚလို႔ မရႏိုင္ေသးပါဘူး။

အမွတ္ေပး ခ်န္ပီယံဆုကေတာ့ အသင္း အေတာ္ မ်ားမ်ား ရဖူး ၾကတာပါပဲ။ဒါေပမယ့္ ဆက္တိုက္ ရဖို႔ေတာ့ မလြယ္ပါဘူး။(3)ႏွစ္ ဆက္တိုက္ ဆိုရင္ ပိုလို႔ေတာင္ မလြယ္တာပါ။သူတို႔ ဒါကို လုပ္ႏိုင္ရင္ေတာ့ ကြၽန္ေတာ္ ခ်ီးက်ဳးေပးရမွာပါပဲ”လို႔ အီဗရာက ေျပာဆိုသြားခဲ့ပါတယ္။

Crd

Hosting ဖိုးသွင်းရန် Viber 09799540772 သို့ဆက်သွယ်ပေးပါ

X